Skip to main content

Posts

Showing posts from July, 2018

Avengers: InAvengersfinity War (2018)မြန်မာစာတန်းထိုး

အတော်များစောင့်မျော်နေတဲ့ Infinity War ကတော့ ရုပ်သံအကြည် နဲ့ WEB-DL Version ထွက်လာပါပြီ Blu-Ray ကတော့ August လလယ်လောက်မှထွက်မှာဖြစ်ပါတယ် Blu-Ray ထွက်ရင်လည်း တဖန် Update လုပ်ပေးပါဦးမယ် အကြည်မှကြည့်မယ်ဆိုသူတွေ ကြည့်လို့ရပြီဖြစ်ပါကြောင်း ... MCU ရဲ့ စတင်တည်ဆောက်ပြီး ၁၀ နှစ်မြောက်မှာ Infinity War ဆိုတဲ့ ရုပ်ရှင် ထွက်ရှိလာခဲ့ပါပြီ။ ဒီဇာတ်လမ်းဟာ ယခင်ထွက်ရှိခဲ့ပြီးတဲ့ မာဗယ်စူပါဟီးရိုးကားတွေနဲ့ ချိတ်ဆက်ထားတာမို့ အများကြီးတော့ မညွှန်းတော့ပါဘူး။ ယခင်ကားတွေကို သေချာမသိခဲ့ရင်တောင် ဒီကားထဲမှာ အတော်လေး အကျဉ်းချုံး ရှင်းပြသွားပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ စကြဝဠာမှာ အကြီးဆုံးစစ်တပ်ကိုပိုင်ဆိုင်ထားတဲ့ တိုက်တန်ကြီး သားနို့စ်ဟာ အနန္တကျောက်တုံး ခြောက်တုံးကို စုစည်းပြီး စကြဝဠာရဲ့ တစ်ဝက်တိတိကို သတ်ပစ်ဖို့ ကြံစည်လာပါတယ်။ ဒီအကြံကို အဗန်ဂျာတွေ နဲ့ စကြဝဠာစောင့်ရှောက်သူအဖွဲ့ တို့ ပူးပေါင်းပြီး ကာကွယ်ကြတဲ့အခါ MCU သမိုင်းရဲ့ အကြီးဆုံး တိုက်ပွဲကြီးတွေ ပေါ်ပေါက်လာပါတော့တယ်။ Movie download       Or Movie download ✪ kwp marshmello ( movie ) ✪ ✪ credit to the original ✪

Jurassic World: Fallen Kingdom (2018)မြန်မာစာတမ်းထိုး

ဒီကားလေးလဲ hdrip version နဲ့အကြည်ထွက်လာလို့ တင်ဆက်ပေးလိုက်ပါတယ်နော် လွန်ခဲ့က ၃ နှစ်ကဖြစ်ပျက်ခဲ့တဲ့ ကိစ္စတွေကြောင့် Jurassic World ပန်းခြံကြီးလည်း ပျက်ခဲ့ပြီးပါပြီ။ Isla Nublar ကျွန်းကြီးပေါ်က ဒီခြံပျက်ကြီးထဲမှာ ဒိုင်နိုဆောတွေ လွတ်လွတ်လပ်လပ် သွားလာနေထိုင်နေခဲ့ကြတယ်။ ဒါပေမဲ့ ရုတ်တရက် လှုပ်နိုးလာတဲ့ ကျွန်းကြီးပေါ်က မီးတောင်ကြောင့် မျိုးသုန်းမှုက တစ်ခေါက်ပြန်လည်ရှင်သန်လာခဲ့ကြတဲ့ ဒိုင်နိုဆောတွေ နောက်တစ်ခါ မျိုးသုန်းဖို့ဖြစ်လာပြန်ပါတယ်။ ဒါကိုကယ်တင်ဖို့ ဇာတ်လိုက်ကျော်တို့ ကြိုးပမ်းကြရာက ဒီထက်ပိုရှုပ်ပြီး အန္တရယ်ကြီးမားတဲ့ ပြဿနာတွေပါ ရင်ဆိုင်တွေ့ကြပါတော့တယ်။ Review The Park is Gone..again.. ရုံထဲမှာ ကြည့်နေတုန်း သတိထားမိတာက မင်းသား Chris Pratt ကိုတွေ့တော့မှ ဟာ ဒီကောင်ပဲလားဟ ဆိုတဲ့သဘောရှိတဲ့ ရေရွတ်တဲ့ အသံလေးတွေပါ။ မသိသူတွေအတွက် ထပ်ပြောရရင် Fallen Kingdom ဟာ 2015 က ထွက်ခဲ့တဲ့ Jurassic World အရဲ့ အဆက်ရုပ်ရှင်လည်းဖြစ်သလို 1993 က ထွက်ခဲ့တဲ့ Jurassic Park ရုပ်ရှင်နဲ့ပါထည့်တွက်ရင် ၅ ကားမြောက်လည်းဖြစ်ပါတယ်။ Reboot မဟုတ်ဘူး။ ဇာတ်လမ်းအဆက်တွေ။ ရုပ်ရှင်ရဲ့ trailer နဲ့ Plot summary ကိုဖတ်ကြည့်လိုက်ရင

Deadpool 2 (2018)မြန်မာစာတန်းထိုး

HCHDRip Version ထွက်လာတာကြောင့်တင်ဆက်ပေးလိုက်ပါတယ်။ Blu-Ray မှကြည့်မယ်ဆိုသူတွေကတော့ စောင့်ပါဦး။ Blu-Ray ထွက်ရင်လည်း Update လုပ်ပေးပါမယ်။ Deadpool ရုပ်ရှင်ဆိုတဲ့အတိုင်း တစ်ကားလုံးက Deadpool ပီသခဲ့တယ်။ အရင်ကားထက်ပိုပြီး ပြောင်၊ ပိုပြီးအရှက်မရှိ၊ ပိုပြီးကြမ်းထားတယ်။ အထူးသဖြင့် Credit scene တွေဆို ရစရာကိုမရှိဘူး။ Plot ပိုင်းမှာ အရမ်းကြီးတော့မရှိ။ ဇာတ်လမ်းရဲ့ ဇာတ်ဝင်ခန်းအများစုက action ရယ် ဓာတ်ပူး မျက်နာပြောင်နေတာရယ်က အဓိက များတယ်၊ ကိုဓာတ်ပူးရဲ့ X Force အဖွဲ့ skill ကိုပြထားတာ‌လည်း တော်တော်မိုက်တယ်။ တော်တော်ကိုကြမ်းပြထားနိုင်တယ်။ ထင်မထားဘူး။ Domino နဲ့ Cable ကိုပုံဖော်ထားတာလည်း တော်တေယ်လေးကောင်းတယ်။ Cable လုပ်တဲ့ Thanos ကြီးလည်း သရုပ်ဆောင်လန်ထွက်နေတာပဲ။ မဆီမဆိုင်စဉ်းစားမိတာက Deadpool ဘေးမှာနေရင်း Cable ကြီး မရယ်မိအောင် တော်တော်လုပ်ယူရမလားပဲ။ Deadpool 2 ဟာ တစ်ကားလုံးနီးပါး ဗြင်းနေတာနဲ့ ပြောင်နေတာတွေ ချည်းမို့ လုံးဝ ကြည့်ပျော်တဲ့ ကားတစ်ကားပါ။ Ref လုပ်ပြီး ဟာသတွေထုတ်ထားတာတွေများတဲ့အတွက် အများစုကတော့ အားလုံးနားလည်မှာ မဟုတ်လောက်ဘူး။ And btw, နာမည်ကြီးလှပါတယ်ဆိုတဲ့ မ

The Stolen Princess : Ruslan and Ludmila ( 2018 )မြန်မာစာတန်းထိုး

ဒီတစ်ခါတော့တင်ဆက်ပေးမယ့်ကားသစ်လေးကတော့ The Stolen Princess ဆိုတဲ့ 2018ထွက် Ukarine 3D animation ကားသစ်လေးပါ   😉😉😉 ဒီကားလေးက ရုရှကဗျာဆရာကြီး ပူရှ်ကင် ရဲ့ ပုံပြင်ကိုအခြေခံထားတာပါ  ဇာတ်လမ်းလေးကတော့                                                တပ်သားကောင်းတစ်ယောက်ဖြစ်ချင်တဲ့ ''ရူစလန်''ဆိုတဲ့နယ်လှည့်ဖျော်ဖြေရေးသမားလေးတစ်ယောက်.... တစ်ညမှာ လွတ်လပ်မှုကိုမြတ်နိုးပြီးစွန့်စားချင်စိတ်ရှိတဲ့ ဘုရင့်သမီးတော်''မီလာ''နဲ့တွေ့ဆုံမိတယ်  ရူစလန်ကတော့မီလာ့ကိုဘုရင့်သမီးတော်မှန်းမသိပါဘူး  အဲ့ဒီမှာတိုင်းပြည်ကိုအပိုင်သိမ်းချင်တဲ့မှော်ဆရာကြီးကမီလာ့ကိုဖမ်းဆီးခေါ်ဆောင်သွားတဲ့အခါမှာတော့ မှော်ဆရာကြီးက မီလာ့ကိုဘာလို့ဖမ်းခေါ်သွားတာလဲ?? ဘုရင်ကြီးနဲ့မှော်ဆရာကြီးကကော ရန်ငြိုးရှိလို့လား?? ရူစလန်ကကော မီလာ့ကိုကယ်တင်ပါ့မလားဆိုတာ?? ဒီကားလေးကယူကရိန်းရုပ်ရှင်ကားတွေထဲမှာစံချိန်ချိုးတဲ့ကားလေးပါ Animation လက်ရာတွေလည်းကောင်းတယ် ဟာသလေးတွေကလည်းသဘာဝကျပါတယ် ဝေဖန်ရေးတွေလည်းသဘောကျကြတဲ့ကားလေးပါ Ratingမှာလည်း IMDb 6.5/10ထိရရှိထားပါတယ် Movie download ✪ kwp marshmello

Teenage Mutant Ninja Turtles 2 (2016) မြန်မာစာတန်းထိုး

နံပါတ်၂ လိပ်နင်ဂျာကားမှာတော့ နံပါတ်၁ မှာ သူတို့ဖမ်းပေးလိုက်တဲ့ ဗီလိန်ကြီး ရှရက်ဒါ ပြန်လွှတ်လာပြီး အခြားကမ္ဘာတစ်ခုက ဂြိုလ်သားနဲ့ ပူးပေါင်းပြီး ကမ္ဘာကိုသိမ်းပိုက်မယ့် အန္တရာယ်ကို ညီအစ်ကို ၄ ယောက်တွန်းလှန်ကြတာပါပဲ။ ဒီအပိုင်းမှာ ဇာတ်ကောင်အသစ်ကေစီဂျုန်းအဖြစ် အဲရိုးမင်းသား စတက်ဖန် အမ်းမဲလ် သရုပ်ဆောင်ထားပါတယ်။  အက်ရှင်ကားကောင်းတစ်ကားအဖြစ် ပိုင်ပိုင်နိုင်နိုင် ရိုက်ကူးထားသလို လုံးဝစရိုက်မတူညီတဲ့ ညီအစ်ကိုတွေ ဘယ်လိုနားလည်မှုနဲ့ အဖွဲ့တစ်ခုအဖြစ်လှုပ်ရှားနိုင်ခဲ့လည်း ဆိုတာကိုလဲ သရုပ်ဖော်ပြထားပါတယ်။ တစ်ခါတလေ ခက်ခဲတဲ့ရွေးချယ်မှုတွေ ကြုံလာတဲ့အခါ တစ်ယောက်တည်းရဲ့ အမြင်နဲ့ဆုံးဖြတ်ချက်ဟာ ဘယ်လောက်စေတနာပါပါ အမြဲမမှန်နိုင်တာမို့ အဖွဲတစ်ခုရဲ့ စဉ်းစားဉာဏ်နဲ့ အင်အားဆိုတာ အမြဲထည့်တွက်ရမယ့်အရာဆိုတာ လိပ်ညီအစ်ကိုတွေကနေ သင်ခန်းစာယူရင်း ဟာသနဲ့အက်ရှင်ကောင်းတွေ ခံစားနိုင်ကြပါစေ။ Movie download ✪ kwp marshmello ( movie ) ✪ ✪ credit to the original ✪

Teenage Mutant Ninja Turtles (2014) မြန်မာစာတန်းထိုး

ဒီဇာတ်ကားက တစ်ချိန်တုန်းက နာမည်ကြီး ကာတွန်းဇာတ်လမ်းတွဲ နဲ့ ကာတွန်းစာအုပ် တွေထဲက Superheros ဖြစ်တဲ့ TMNT ကို ပြန်ရိုက်ထားတာဖြစ်ပါတယ်။  သူက အခုမှ ရုပ်ရှင်ထွက်တာတော့မဟုတ်ပါဘူး။  ၁၉၉၀ တုန်းက ဇာတ်ကား ၃ကားထွက်ထားဖူးသလို၊ ၂၀၀၇ မှာလည်း ကာတွန်းအနေနဲ့ထွက်ထားဖူးပါတယ်။ ဇာတ်လမ်းမှာ April O’Neil (Megan Fox) က သတင်းထောက်တစ်ဦးဖြစ်ပြီး New York မြို့က Foot Clan ဆိုတဲ့ ဂိုဏ်းကို လိုက်လံသတင်းယူနေရာကနေ Turtles တွေနဲ့ အမှတ်မထင်ဆုံတွေ့ခဲ့ပါတယ်။ ဒီကနေ သူမ လွန်ခဲ့တဲ့ ၁၅ နှစ်တုန်းက အဖြစ်အပျက်ကို သတိရသွားပြီး Turtles တွေရဲ့ Origin ကို မှတ်မိသွားပါတယ်။  တစ်ဖက်မှာလည်း ဆရာ Splinter က April ကို Foot Clan ရဲ့ ရန်က ကာကွယ်ဖို့အတွက် April ကို ရအောင် ရှာပြီး ခေါ်လာဖို့ ညွှန်ကြားပါတယ်။ဇာတ်လမ်းကသိပ်မထူးခြားပေမယ့် ပရိတ်သတ် စိတ်ဝင်စားမယ့် Action ကားကောင်းတစ်ကားပါ ။ ကျွန်တော်တို့ ကလေးဘ၀ကတည်းက တီဗီမှာ ကာတွန်းအဖြစ်နဲ့ကြည့်ခဲ့ဖူးကြပြီး၊ Nintendo ဂိမ်းတွေ အဖြစ်လည်း ဆော့ကစားခဲ့ကြပါတယ်။  ဒါကြောင့် ပရိတ်သတ်နဲ့တော့မစိမ်းကြပါဘူး။ ဒီကားက ဒီဘက်ခေတ်ရဲ့ ပိုကောင်းတဲ့ CGI နဲ့ရိုက်ကူးထားတာကြောင့် အရင်ကားတွေထက် ပိုကြည့်ေ

Brave (2012)မြန်မာစာတန်းထိုး

Brave (2012) သည် IMDb 7.1/10 Rotten Tomatoes 79% Metacritic 69% Google users 88%  ဒါရိုက်တာ  Mark Andrews, Brenda Chapman Menon ရိုက်ကူးထား၍  Brenda Chapman, Mark Andrews က ဇာတ်လမ်းဇာတ်ညွှန်းရေးသားကာ အသံသရုပ်ဆောင် Kelly Macdonald, Billy Connolly, Emma Thompson တို့ ပါဝင်သရုပ်ဆောင်ထားသော Animation, Adventure, Comedy ဇာတ်ကားကောင်း တစ်ကား ဖြစ်တဲ့အတွက် ချစ်ခြင်းအားဖြင့် တင်ဆက်လိုက်ပါရစေ…. သူမဘဝလမ်းကြောင်းကို ကိုယ့်ဖာသာရွေးချယ်ဖို့ဆုံးဖြတ်ထားတဲ့ မင်းသမီးလေး မာရီဒါက သူ့နိုင်ငံကို ပရမ်းပတာအလေ့အထတစ်ခုကို သတ်မှတ်လိုက်တယ် ဆန္ဒတစ်ခုကို ဖြည့်ဆည်းဖို့ မာရီဒါက သူရဲ့ ရဲရင့်မှုနဲ့ သူ့ရဲ့လေးမြားအစွမ်းကို အသုံးပြုကာ ကျိန်စာကို ပြန်ဖြေဖို့ကြိုးစားလေရာ ဘယ်လို စွန့်စားခန်းတွေ တွေ့ရမလဲ ဇာတ်ကားမှာ ဆက်လက်ကြည့်ရှုကြည့်ကြပါခင်ဗျာ…. Movie download ✪ kwp marshmello ( movie ) ✪ ✪ credit to the original ✪

Incredibles 2 (2018)မြန်မာစာတန်းထိုး

ဒီကားလေးကို အတင်းတောင်းဆိုနေလို့ မအားတဲ့ကြားက ပြန်ပေးလိုက်တာပါ အမှားအယွင်းရှိနိုင်ပါတယ် စာဖိုင်အမှန်မထွက်သေး အကြည်မထွက်သေးတဲ့အတွက် စာဖိုင်မှန်မှ ကြည့်မယ့်သူများ အကြည်မှ ကြည့်မယ်ဆိုတဲ့သူများ လုံးဝမကြည့်ကြပါနဲ့လို့ ကြိုတင်သတိပေးလိုက်ပါရစေခင်ဗျာ…. Incredibles 2 (2018)  သည် IMDb 8.2/10 Rotten Tomatoes 93% Metacritic 80% Google users 94%  ဒါရိုက်တာ  Brad Bird ကိုယ်တိုင်ရေးသားရိုက်ကူးထား၍  သရုပ်ဆောင် Craig T. Nelson, Holly Hunter, Sarah Vowell တို့ ပါဝင်သရုပ်ဆောင်ထားသော Animation, Action, Adventure ဇာတ်ကားကောင်း တစ်ကားဖြစ်တဲ့အတွက် ချစ်ခြင်းအားဖြင့် တင်ဆက်လိုက်ပါရစေ… ဒီတစ်ခါတော့ မစ္စတာအင်ခရက်ဒီဘဲလ်(ဘော့ပါး)ကြီးကကလေးထိန်း အီလက်စတစ်ဂဲလ်(ဟယ်လင်)က ကမ္ဘာကြီးကို ဘယ်လိုကယ်တင်မလဲ ဇာတ်ကားမှာ ဆက်လက်ကြည့်ရှုခံစားကြည့်ကြပါခင်ဗျာ… Movie download ✪ kwp marshmello ( movie ) ✪ ✪ credit to the original ✪

The Good Dinosaur (2015)မြန်မာစာတန်းထိုး

Animation ချစ်သူများအတွက်ပါ... The Good Dinosaur (2015) သည် IMDb 6.7 Google User 87% ရထားသော ဒါရိုက်တာ   Peter Sohn ရိုက်ကူးထားပြီး    Bob Peterson , Peter Sohn က ဇာတ်ညွှန်းရေးသားကာ    အသံသရုပ်ဆောင် Jeffrey Wright, Frances McDormand, Maleah Nipay-Padilla တို့ ပါဝင်သရုပ်ဆောင်ထားသော Animation, Adventure, Comedyဇာတ်ကားကောင်းလေးတစ်ကားမို့ ချစ်ခြင်းအားဖြင့် တင်ဆက်လိုက်ပါရစေ….. The Good Dinosaur ဆိုတာ Jeffrey Wright, Frances McDormand, နဲ့ Maleah Nipay-Padilla တို့ အသံနောက်ခံသရုပ်ဆောင်ထားတဲ့ရုပ်ရှင်ကားလေးပါ ကမ္ဘာတစ်ခုမှာ ဒိုင်နိုဆောတွေနဲ့ လူတွေ အတူတူရှင်သန်လာကြတယ်အခါ အာလိုလို့ခေါ်တဲ့ အပါတိုစောရပ်စ်တစ်ကောင်နဲ့ သူလုံးဝမတူတဲ့ လူ သားလေးနဲ့ သူငယ်ချင်းဖြစ်ကြတဲ့အခါ ဘယ်လို စွန့်စားခန်ဟာသတွေ တွေ့ရမလဲ ဇာတ်ကားမှာ ကြည့်ရှုကြည့်ကြပါခင်ဗျာ Movie download ✪ kwp marshmello ( movie ) ✪ ✪ credit to the original ✪

Duck Duck Goose (2018)မြန်​မာစာတန်းထိုး

 ငန်းပြောရရင် ငန်းတွေဆိုတာ ဘယ်သတ္တဝါကိုမှ မကြောက်တဲ့ ငှက်အဖြစ်သိထားကြပါတယ်။ သူတို့လမ်းကို လာပြီဆိုရင် ရန်မှုပြီးတိုက်ခိုက်တတ်ကြတယ်။ အဲဒီအပြင် ပျံသန်းနိုင်ပြီး ရာသီအလိုက်ရွှေ့ပြောင်းနေထိုင်တတ်ကြတဲ့ သတ္တဝါတွေဖြစ်ကြပါတယ်။ ဒီ အန်နီမေးရှင်းကားလေးထဲမှာတော့ ကိုယ့်ကိုယ်ကို အထင်ကြီးပြီး အခြားဘယ်သူကိုမှ မထင်မကြီးတဲ့ ငန်းတစ်ကောင်အနေနဲ့ ဖန်းကိုတွေ့ရမှာပါ။ သူကအဲဒီအပြင် ကမြင်းကြောလည်း ထတက်တယ်။ တစ်ခေါက် ဘဲအုပ်လေးတစ်အုပ်ကို တိုက်မိပြီး အားလုံးတကွဲတပြားဖြစ်အောင် လုပ်ခဲ့သေးတယ်။ ဖန်းက အဲဒီငန်းအုပ်ထဲမှာ သူများနဲ့မတူဘဲ တစ်ကောင်ထဲ ကိုယ့်သဘောအတိုင်း ကိုယ်နေချင်တဲ့ကောင်မျိုးပေါ့။ သူများတွေ ရာသီတန်လို့ ရွှေ့ပြောင်းတဲ့အချိန်ဆို အတူတူမလိုက်ဘဲ အေးဆေးနေပြီးမှ တစ်ကောင်ထဲ အနောက်ကနေ သီးသန့်ဘာတာဝန်မှမယူဘဲ သွားချင်တဲ့သူပါ။ အဲဒီလိုနဲ့တစ်ရက် ဆောင်းရောက်ခါနီး သူတို့တွေ အခြားနွေးတဲ့ဒေသကို ပြောင်းဖို့အတွက် ပြင်ဆင်ကြတာပေါ့။ အဲဒီမှာ ဖန်းကထုံးစံအတိုင်း အေးဆေးမှလိုက်မယ်ဆိုပြီး ညဖက်အားလုံးထွက်သွားကြတဲ့အချိန်မှာ မနက်မှအေးဆေးသွားမယ်ဆိုပြီး ကောင်းကောင်းအိပ်နေတာပေါ့။ အဲဒီညမှာ သူတစ်ရက်က တိုက်ခဲ့တဲ့ဘဲလေးအုပ်ထဲက အဖွဲ့ကွဲသွားတဲ့ ဘဲလေးနှစ်ကော

Shrek Animation (မြန်မာစာတန်းထိုး)

ဇာတ်လမ်းအကျဉ်း~~~~~~~~~~~Dulocဆိုတဲ့ မြို့တော်ကြီးမှာ အကြင်နာတရားခေါင်းပါးပြီး တရားမမျှတမှုမရှိတဲ့ တရားသူကြီး Farquaadက Fairy Tale(နတ်သမီး ပုံပြင်)တွေကို မနှစ်သက်တဲ့အပြင် သူ့တို့တိုင်းပြည်မှာရှိနေတဲ့ Fairy Taleတွေထဲက သက်ရှိဇာတ်ကောင်တွေ အားလုံးကို တိုင်းပြည်အစွန်ဖျားက ရွှံဗွက်တောကြီးဆီကို နယ်နှင်ဒဏ်ပေးလိုက်ပါတယ်။ အဲ့ဒီမှာလည်း…. Shrek(အစိမ်းရောင် ဘီလူးကြီး)က လူသူကင်းရှင်းစွာနဲ့ ၁ယောက်တည်း ပျော်ရွှင်စွာ နေထိုင်နေပါတယ်။ သူ့နေရာဆီကို နယ်နှင်ဒဏ်ပေးခံရတဲ့သူတွေ အများကြီးလဲ ရောက်လာရော… သူ့ရဲ့ပျော်ရွှင်မှုတွေ ပျက်သွားတဲ့အတွက်….တရားသူကြီး Farquaadဆီကို နယ်နှင်ဒဏ် ပြန်ရုတ်သိမ်းပေးဖို့ သူနဲ့အတူ Donkey (ပါးစပ်ပိတ်တာကလွဲလို့ ကျန်တာအကုန်လုပ်မယ့် စကားအရမ်းများတဲ့ မြည်း)က Dulocမြို့ကို လမ်းပြပီး သွားမှာပါ။တရားသူကြီး Farquaadကလည်း Cookie(စကားပြောတတ်တဲ့ လူပုံစံမုန့်)လေးကို နှိပ်စက်ပီး ကျန်ရှိနေသေးတဲ့ Fairy Taleတွေထဲက ဇာတ်ကောင်တွေရဲ့ နေရာကို မေးနေပါတယ်။ အဲ့ဒီအချိန်မှာ… သူတပည့်တွေက သူရှာခိုင်းထားတဲ့ Magic Mirror (Snow Whiteထဲက Evil Queenရဲ့ မှော်မှန်)ကို သယ်လာပါတယ်။ အဲ့မှော်မှန်ကြီးကို “သူ့ရဲ့တိုင်းပြည်က တရားအ

How to Train Your Dragon 2 ( 2014 ) မြန်မာစာတန်းထိုး

2010 ခုနှစ်က ထွက်ရှိခဲ့တဲ့ How to Train Your Dragon ရဲ့ ဒုတိယမြောက်ဇာတ်ကားဖြစ်တဲ့ နံပါတ် ၂ ပါ … နံပါတ် ၁ မှာ နဂါးတွေ နဲ့ ဘာ့ခ် ရွာ တို့ ပြေလည်မှု ရရှိသွားကြပြီး နဂါးတွေရဲ့ လုပ်အားတွေနဲ့အတူ ဘာ့ခ်ရွာလေးမှာ နဂါးပြိုင်ပွဲကျင်းပနေကြပါတယ် … အသက်အရွယ်အပိုင်းအခြားတစ်ခုကို ရောက်ရှိလာပြီဖြစ်တဲ့ ဟစ်ကပ်ရဲ့ အဖေဖြစ်သူကတော့ သူ့သားဖြစ်သူကို ရွာသူကြီးအရိုက်အရာကို ဆက်ခံစေချင်ဖို့ ဖိအားပေးစပြုလာပါတယ် … ဟစ်ကပ် ကတော့ သူ့ရဲ့ Night Fury လေးဖြစ်တဲ့ တုသ်လက်စ် နဲ့ အတူ နယ်မြေသစ်တွေကို ရှာဖွေရင်း အချိန်ကုန်ဆုံးနေခဲ့ပါတယ် … တစ်နေ့ ဟစ်ကပ်ပ် နဲ့ အက်စ်ထရစ် တို့ နဂါးလျှောက်စီးရင်း ကြီးမားတဲ့ အစိမ်းရောင် ရေခဲတုံးကြီးတစ်ခုကို တွေ့ရပါတယ် … ထိုအရာကို စူးစမ်းရင်း နဂါးတွေကို မုန်းတီးပြီး ဗီလိန်အကြီးစားဖြစ်တဲ့ ဒွယ်ဂိုဆိုတဲ့သူနဲ့ တွေ့ဆုံခဲ့ရတယ် … ဒွယ်ဂို နဲ့ ဟစ်ကပ်ပ်တို့ ရွာလေး အကြိတ်အနယ်အားပြိုင်ကြပုံကိုတွေ့ရမှာပဲ ဖြစ်ပါတယ် … ဟစ်ကပ်ပ်ရဲ့ နှစ်ပေါင်းများစွာပျောက်နေတဲ့ အမေနဲ့လဲ ပြန်တွေ့ပြီး ဒွယ်ဂိုရဲ့ နဂါးစစ်တပ်ကို ဘယ်လိုအနိုင်ယူမလဲဆိုတာ ကြည့်လိုက်ကြရအောင်နော် … ထုံးစံအတိုင်းအချစ်တော် တုသ်လက်စ်လေးကိုလဲမြင်တွေ့ရမှာဖြစ

How to Train Your Dragon ( 2010 )မြန်မာစာတန်းထိုး

ဒီဇာတ်ကားလေးကို အားလုံးလဲ သိကြမှာပါနော် … 2010 ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ Animation လေးတစ်ခုပါ … DreamWorks Animation မှ ဖြန့်ချိခဲ့တာဖြစ်ပြီးတော့ Budget ပေါင်း အမေရိကန် ဒေါ်လာ 165 million အသုံးပြုပြီး ရိုက်ကူးထားခဲ့တဲ့ ဇာတ်ကားလေး တစ်ခုလဲ ဖြစ်ပါတယ် … ရုံတင်ပြီးချိန်မှာတော့ Box Office မှာ အမေရိကန် ဒေါ်လာ 498.5 million ပြန်လည်ရရှိခဲ့ပါတယ် … Oscars အတွက် Nominated နှစ်နေရာ ဝင်ခဲ့ပြီး အခြားသော ဆုပေါင်း 25 ခု သိမ်းပိုက်နိုင်ခဲ့တဲ့ Animation ဇာတ်ကားတစ်ခုလဲ ဖြစ်ပါတယ် … ဇာတ်လမ်းအကျဉ်းလေးကတော့ – ဝေးလံခေါင်ဖျားတဲ့နေရာမှာ Viking ရွာလေးတရွာရှိပါတယ် … ဘိုးစဉ်ဘောင်ဆက် နဂါးတွေနဲ့တိုက်ပွဲဖြစ်နေကြသူတွေပေါ့ … သူတို့ထဲကမှ ဟစ်ကပ်ပ် ဆိုတဲ့ကောင်လေးတယောက်ကတော့ သူများတွေလို body တောင့်တောင့်တင်းတင်းလဲမဟုတ်တော့ အများရယ်စရာဖြစ်ပီး သူ့ကိုဆို တရွာလုံးက အထင်မကြီးကြဘူး … ဒါပေမဲ့သူက ယုံကြည်ချက်နဲ့ စိတ်ဓာတ်ပြင်းထန်တယ် … တနေ့မှာ Night Fury မျိုးနွယ်ဝင်နဂါးလေးနဲ့ ဆုံမိသွားတဲ့အခါမှာ သူထင်ထားသလို နဂါးတွေဟာ ကြမ်းကြုတ်ရက်စက်သူတွေမဟုတ်မှန်းသိလာရတဲ့အချိန်မှာ အများနဲ့တယောက်ရင်ဆိုင်ပီး ခေါက်ရိုးကျိုးလာတဲ့ ခံယူချက်ကြီးကိ

Flushed Away (2006)မြန်မာစာတန်းထိုး

ဒီတစ်ခါမှာတော့ 2006 ခုနှစ်ကထွက်ရှိခဲ့တဲ့ ကာတွန်းကားကောင်းလေး တစ်ကားကို တင်ဆက်ပေးလိုက်ပါပြီ IMDB 6.6 အထိရရှိထားပြီး မင်းသားကြီး Hugh Jackman နဲ့ Kate Winslet တို့က အဓိကအသံသရုပ်ဆောင်တွေအဖြစ် ပါဝင်ထားပါတယ် ရော်ဒီဆိုတဲ့ အိမ်မွေးကြွက်ကလေးတစ်ကောင်ဟာ မိတ်ဆွေအပေါင်းအသင်းမရှိပဲ အထီးကျန်စွာနေရသူတစ်ယောက်ပါ တစ်နေ့မှာတော့ ထူးဆန်းတဲ့ကြွက်တစ်ကောင်က သူ့ဆီရောက်လာပြီး သူ့နေရာကိုအပိုင်စီးလိုက်ပါတော့တယ် အဲ့ဒီနောက်မှာတော့ ရော်ဒီဟာ ရေဆိုးမြောင်းထဲကို နှင်ချခံရပြီး မြေအောက်မြို့တစ်မြို့ကိုရောက်ရှိသွားပါတယ် အိမ်ပြန်လမ်းကိုရှာဖွေရာမှ 'ရီတာ' ဆိုတဲ့ကြွက်မလေးတစ်ကောင်နဲ့ဆုံတွေ့မိတယ် ရီတာဟာ လူဆိုးအဖွဲ့တစ်ဖွဲ့နဲ့ပြဿနာရှိထားသူတစ်ဦးဖြစ်ပြီး ရော်ဒီပါဝင်ပတ်သက်မိတဲ့နောက်ပိုင်း ဘယ်လိုအခက်အခဲတွေနဲ့ရင်ဆိုင်ရမလဲ အိမ်ပြန်ဖို့ကြိုးစားနေတဲ့ ရော်ဒီတစ်ယောက် အန္တရာယ်တွေကြားကနေ လွတ်မြောက်နိုင်ပါ့မလား... ဇာတ်လမ်းဇာတ်အိမ်ကောင်းကောင်းနဲ့ ဖန်တီးထားတာမို့ အချိန်ပေးရကျိုးနပ်မဲ့ ကာတွန်းကားကောင်းလေး တစ်ကားပါပဲ Kowaiphyolin.blogspot.com  Movie download ✪ kwp marshmello ( movie )

Up (2009)မြန်မာစာတန်းထိုး

ဒီတစ်ခါတော့ ကာတွန်းကား ကောင်းကောင်း လေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။  ဒီကားလေးက ၂၀၀၉ ခုနှစ်မှာ ထွက်ခဲ့ပြီး၊ စထွက်ခဲ့တဲ့အချိန်ထဲက အခုအချိန်အထိ Valentine’s Day ရုပ်ရှင်အဖြစ် လူကြိုက်များခဲ့သလို၊ သူ့ထဲက ဇာတ်ဝင်ခန်းလေး တစ်ခုက အချစ် နဲ့ပတ်သက်လာရင် အခုအချိန်အထိ လူပြောများနေဆဲဖြစ်ပါတယ်။ Up ကာတွန်းလေးက သာမန် ကာတွန်းကားတစ်ကား တင်မဟုတ်ပဲ၊ အက်ရှင် ဒရမ်မာ ကောင်းကောင်း နဲ့ ရိုက်ကူးထားတဲ့ Animated Film တစ်ခုဖြစ်ပါတယ်။  ဇာတ်လမ်း ကောင်းကောင်း နဲ့ လူကြီး လူငယ် ပရိတ်သတ် အားလုံးကို ဖမ်းစားနိုင်ခဲ့ပါတယ်။ ကျွန်တော် အနေနဲ့ ရုပ်ရှင်တွေတော်တော်များများ ကြည့်ဖူးပေမယ့် ကြည့်ရင်းနဲ့ မျက်ရည်ဝဲလောက်အောင် ခံစားချက်ရသပေးနိုင်တဲ့ ကားမျိုး က လက်ချိုးရေလို့ရပါတယ်။  ဒီ UP ကတော့ ဇာတ်လမ်း အစမှာထဲက တင်ဆက်ပုံကောင်းကောင်းနဲ့ ပရိတ်သတ်ကို ဖမ်းစားသွားနိုင်ခဲ့ပါတယ်။ ဇာတ်လမ်းလေးကတော့ Carl ဆိုတဲ့ကောင်လေးနဲ့ Ellie ဆိုတဲ့ကောင်မလေးက explorer Charles F. Muntz ဆိုတဲ့ ပုဂ္ဂိုလ်ကို လေးစားအားကျသူတွေဖြစ်ပါတယ်။  ဒါပေမယ့် Charles က Paradise Fall မှာ ရှိတဲ့ ရှားပါးတဲ့ ငှက်ကြီးတစ်ကောင်ကို သူဖမ်းမိဟန်ဆောင်ပြီး အဲ့ဒီငှက်ရဲ့

Monsters Inc. (2001) နှင့် Monsters University (2013) မြန်မာစာတန်းထိုး

Monsters Inc. (2001) ရဲ့ ဇတ်လမ်းအကြောင်းလေးကေးထားတာရှာမတွေ့လို့ (2013) ရဲ့ကားလေးအကြောင်း နည်းနည်းရေးကြည့်ပေးမယ် Animation, Adventure, Comedy အမျိုးအစား ကျနော်အရမ်းကြိုက်တဲ့ Animation ဇာတ်ကားလေးပါ.. IMDb မှာ Ratings: 7.4/10 ရရှိထားပါတယ်. ဇာတ်လမ်းကတော့ မွန်းစတားတက္ကသိုလ်ရဲ့ခြောက်လှန့်ခြင်းမေဂျာမှာ ကြောက်စရာမကောင်းတဲ့ မိုက် ဆိုတဲ့မွန်းစတားကောင်လေးတယောက်ရဲ့ ခြောက်လှန့်သူတယောက်အဖြစ် ကြိုးစားအားထုတ်ပုံကို ကလေးငယ်တွေအတုယူစရာကောင်းလှအောင် တွေ့ရမယ့်ဇာတ်ကားလေးပါ.. မကြည့်ရသေးရင် ကြည့်သင့်တဲ့ ဇာတ်ကားလေးဖြစ်သလို ကလေးရှိတဲ့ မိသားစုတွေဆိုရင်တော့ ကလေးငယ်တွေအငြိမ်ကြည့်မယ့်ဇာတ်ကားလေးပါ.. Kowaiphyolin.blogspot.com  Monsters Inc. (2001) Movie download Monsters University (2013) Movie download ✪ kwp marshmello ( movie ) ✪ ✪ credit to the original ✪

102 Not Out (2018) မြန်မာစာတန်းထိုး

ဒီတစ်ခေါက် ပရိတ်သတ်ကြီးကိုအိန္ဒိယနိုင်ငံရဲ့ အကျော်အမော် သရုပ်ဆောင်ကြီး အမီတာဘဂျမ်းရဲ့ အသစ်စက်စက် ရုပ်ရှင်ကားကြီး တစ်ကားနဲ့ မိတ်ဆက်ပေးပါရစေ. . . ဒီကားရဲ့ ထူးခြားချက်ကလေးတွေကို အရင်ဆုံး ကောက်နှုတ်ဖော်ပြပေးပါရစေ ဇာတ်လမ်းထဲက အမီတာဘဂျမ်းရဲ့ အသက်က 102 နှစ်ရီရှီးကပူးရ်ရဲ့ အသက်က 75 နှစ်27 နှစ် ကွာခြားပာတယ် တကယ့်အပြင်မှာတော့ မင်းသားကြီး ရီရှီးကပူးရ်က အမီတာဘဂျမ်းထက် ၇ နှစ်သာ ငယ်ပါသတဲ့ ဒီအချက်ကိုတော့ မင်းသားကြီး အမီတာဘဂျမ်းနဲ့ ရီရှီးကပူးရ်တို့ Ajooba 1991 ဆိုတဲ့ ဇာတ်ကားရဲ့ နောက် နှစ်ပောင်း ၂၇ နှစ်ကြာမှရုပ်ရှင်ဖန်သားပြင်မှာ အတူတကွ တွဲဖက်ပြီး ပြန်လည်သရုပ်ဆောင်တဲ့အမှတ်အသားတစ်ခုအဖြစ် ထည့်သွင်းထားတာ ဖြစ်ပါတယ် တိုက်ဆိုင်စွာပဲ ဒီကားရိုက်ကူးစဉ်မှာမင်းသားကြီး အမီတာဘဂျမ်းဟာ အသက် 75 နှစ်ရှိနေပါပြီ ဒီကားကို 2016 ခုနှစ် အလယ်လောက်မှာ ရိုက်ကူးဖို့ လျာထားခဲ့ပေမယ့် ဇာတ်ညွှန်းအပြောင်းအလဲကြောင့် 2018 ခုနှစ်ကျမှ ရိုက်ကူးပြီးစီးခဲ့ပါတယ် ရီရှီးကပူးရ်ရဲ့ ဇာတ်ကောင်ဖြစ်တဲ့ ဘာဘူလားနေရာမှာ မူလက ပါရက်ရှ်ရာဝဲလ်ကို ထည့်သွင်းရိုက်ကူးဖို့ စီစဉ်ထားခဲ့ပေမယ့် ဖြစ်မလာခဲ့ပါဘူး ဒီကားကို Saumya Joshi ရဲ့ Gujrati ဆိုတဲ့ ပြ

Over the Hedge (2006)မြန်မာ စာတန်းထိုး

ဒီတစ်ခေါက် အူတက်နေအောင် ရယ်ရပြီး ချစ်ဖို့ကောင်းလွန်းတဲ့ ဆောင်းခို သတ္တ၀ါ လေးတွေ ရဲ့ အစားအစာ ရှာဖွေတော်မူခန်း ကို တင်ဆက်ပေးချင်ပါတယ် DreamWorks Animation ရဲ့ ထုတ်ကုန် ဆိုရင် ပြောနေစရာမလိုအောင် ကောင်းပြီးသားမှန်း သိမှာပါ ဇတ်လမ်းပုံစံကတော့ လိပ်ကလေး တစ်ကောင် ဦးဆောင်တဲ့ ဆောင်းခို အဖွဲ့ဟာ တစ်ခုသော နွေရာသီမှာ သူတို့ အသိုက်ကနေ ထွက်လာကြပြီး ကျန်တဲ့ ဆောင်းရာသီ အတွက် အစာရှာဖွေခြင်း လက်ရှိရာသီ အတွက် အသက်ရှင် နေထိုင်ရေး အတွက် ကြိုးပမ်းမှု များကို စတင်လုပ်ဆောင်ပါတော့တယ် ဒါပေမယ့် သူတို့ မသိလိုက်တာက သူတို့ ဆောင်းခိုနေစဉ် ကာလ အတိုလေးမှာပဲ သူတို့ တောအုပ်လေးကို ကွပ်လပ်လေး တစ်ခုအဖြစ် အလယ်ဗဟိုထားပြီး မြို့သေးသေးလေး တစ်ခု ဆောက်လုပ်လိုက်တာပါပဲ ဒီတော့ သူတို့ အတွက် အစာရေစာ ရှားပါးသည့် အပြင် လူသားတွေ ရဲ့ သက်ဖြတ် နှိမ်နှင်းမှု ကိုလဲ ခံရနိုင်ပါတယ် ဒီတော့ ဘယ်လိုလုပ်ကြမလဲ ? အဲ့ဒီအချိန်မှာပဲ လူတွေ ကို လှည့်စားပြီး အစာရှာနည်းသင်ပေးမယ့် ကြောင်လည်ပတ်ကား တောကြောင် တစ်ကောင် သူတို့ မိသားစုလေးထဲ ဆိုက်ဆိုက် မြိုက်မြိုက် ရောက်ရှိလို့ လာပါတော့တယ် သူတို့ ခန့်မှန်းထားသလို အစာရေစာ ရရှိစုဆောင်းနု

Lets Go Jet (2017)မြန်မာစာတန်းထိုး

 စိတ်ညစ်နေရင် စိတ်ဓာတ်ကျနေရင် ကိုယ့်အိမ်မက်ဆီကို လျှောက်လှမ်းရာမှာ Motivation တွေ အများကြီးပေးနိုင်တဲ့ ဂျပန် ရုပ်ရှင်  "Let's go Jets " ဆိုတဲ့ ကားလေးကိုကြည့်လိုက်ပါလို့ အကြံပြုပေးချင်ပါတယ် ဒီကားလေးက ၂၀၀၉ ခုနစ်က ဖူခုအိ အထက်တန်းကျောင်းမှာ အမှန်တကယ် ဖြစ်ခဲ့တဲ့အဖြစ်အပျက်ကို အခြေခံပြီး ၂၀၁၆ ခုနစ်မှာ ရိုက်ကူးခဲ့တာပါ ကြိုးစားနိုင်စွမ်း ဇွဲမလျော့နိုင်စွမ်း ကို အဓိကဖော်ကျူးထားပြီး စိတ်ဓာတ်ခွန်အားပေးနိုင်တဲ့ ဒီကားလေးဟာ အံ့သြစရာ ကြည်နူးစရာ ပျော်ရွှင်စရာ များနဲ့ မျက်ရည်တောင်ကျမိလောက်တဲ့ အထိကို ကောင်းလွန်းလို့ ၂နာရီလေး အချိန်ပေးပြီး ကြည့်ဖြစ်အောင် ကြည့်ပါလို့ တိုက်တွန်းပါရစေ ကဲ ဒါဆို ဇာတ်လမ်းလေးကို အရင်မပြောခင် ဇာတ်ဆောင်လေးတွေနဲ့ မိတ်ဆက်ပေးချင်ပါတယ် အဓိက ဇာတ်ဆောင်ကတော့ Suzu Hirose ဆိုတဲ့မင်းသမီးလေးပါ သူမဟာ အသက် ၁၉နှစ်သာ ရှိသေးပြီး ဇာတ်ကားပေါင်းများစွာနဲ့ ဆုပေါင်းများစွာ ရရှိထားသူလေးဖြစ်ပါတယ် အားလုံးမှတ်မိကြမှာကတော့ kento နဲ့ Your Lie in April ဆိုတဲ့ ကားလေးဖြစ်ပါတယ် မင်းသားကတော့ Mackenyu Arata ဆိုတဲ့ ၂၁ နှစ်ရွယ် မင်းသားလေးပါ  bittersweet (2016) နဲ့ Peach girl (2017) ကားတွေမ

Happy Feet 2006 (ကာတွန်းကား)

Happy Feet ကို 90Kids တွေ မှတ်မိအုံးမှာပါ သီချင်းမဆိုတက်ပေမယ့် အက ကျွမ်းကျင်တဲ့ ပင်ဂွင်း ငှက်ကလေး ရဲ့ စွန့်စားခန်း ခရီးစဉ်တစ်ခုကိုပေါ့ ဒီ Animation ရုပ်ရှင်ဟာ လူတော်တော်များများကို သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး နဲ့ ပတ်သက်ပြီး အသိပညာတွေ ပေးပါတယ် ကျနော် ကိုယ်တိုင် ဒီဇတ်ကားရဲ့ နောက်ဆုံးတစ်နေရာမှာ ရင်ထဲ ဆို့နင့်ပြီး မျက်ရည်ကျလောက်အောင် ၀မ်းသာမိဖူးတယ် (ငယ်ငယ်တုန်းကပါ) :D ဇတ်လမ်းလေး အစ မှာတော့ ပင်ဂွင်းတွေ ဟာ ဖူးစာဖက် ရရှိဖို့ သီချင်းအဆိုကောင်းရပါတယ် ပင်ဂွင်းမ ကို ပိုးပန်းဖို့ ပင်ဂွင်းအထီးတွေက သီချင်းဆိုပြရတယ် မကြိုက်ရင် ပင်ဂွင်းမ ချေတာ ခံရမှာ ဖြစ်ပြီး အသံ ပါဝါ ကောင်းကောင်း နဲ့ ခံစားချက် ကောင်းကောင်းနဲ့ ညို့ငင်စွာ သီချင်းဆိုတက်တဲ့ ဘဲကြီး (ပင်ဂွင်းအထီး) တွေကတော့ စော်ကြည်ဘဲ တွေပါပဲ.... ဒီလိုနဲ့ နာမည်ကျော် အဆိုကောင်း အသံကောင်းတဲ့ ပင်ဂွင်း အထီး နဲ့ အမ ညားပါလေရော သူတို့ဆီမှာ အစာရေစာ ရှားပါးလွန်းတော့ ဥထားတဲ့ ဥတွေကို အထီးတွေက ၀ပ်ပေးရပြီး အစ်မတွေကတော့ ရာသီတစ်ခုမှာ လနဲ့ချီပြီး အစာရှာထွက်ရပါတယ် အဲ့ဒီမှာပဲ ဥ ကလေး တစ်လုံး ဟာ လွဲချော်စွာ နဲ့ မွေးဖွားလာခြဲ့