Skip to main content

Jurassic World: Fallen Kingdom (2018)မြန်မာစာတမ်းထိုး


ဒီကားလေးလဲ hdrip version နဲ့အကြည်ထွက်လာလို့ တင်ဆက်ပေးလိုက်ပါတယ်နော်

လွန်ခဲ့က ၃ နှစ်ကဖြစ်ပျက်ခဲ့တဲ့ ကိစ္စတွေကြောင့် Jurassic World ပန်းခြံကြီးလည်း ပျက်ခဲ့ပြီးပါပြီ။ Isla Nublar ကျွန်းကြီးပေါ်က ဒီခြံပျက်ကြီးထဲမှာ ဒိုင်နိုဆောတွေ လွတ်လွတ်လပ်လပ် သွားလာနေထိုင်နေခဲ့ကြတယ်။ ဒါပေမဲ့ ရုတ်တရက် လှုပ်နိုးလာတဲ့ ကျွန်းကြီးပေါ်က မီးတောင်ကြောင့် မျိုးသုန်းမှုက တစ်ခေါက်ပြန်လည်ရှင်သန်လာခဲ့ကြတဲ့ ဒိုင်နိုဆောတွေ နောက်တစ်ခါ မျိုးသုန်းဖို့ဖြစ်လာပြန်ပါတယ်။ ဒါကိုကယ်တင်ဖို့ ဇာတ်လိုက်ကျော်တို့ ကြိုးပမ်းကြရာက ဒီထက်ပိုရှုပ်ပြီး အန္တရယ်ကြီးမားတဲ့ ပြဿနာတွေပါ ရင်ဆိုင်တွေ့ကြပါတော့တယ်။

Review

The Park is Gone..again..

ရုံထဲမှာ ကြည့်နေတုန်း သတိထားမိတာက မင်းသား Chris Pratt ကိုတွေ့တော့မှ ဟာ ဒီကောင်ပဲလားဟ ဆိုတဲ့သဘောရှိတဲ့ ရေရွတ်တဲ့ အသံလေးတွေပါ။ မသိသူတွေအတွက် ထပ်ပြောရရင် Fallen Kingdom ဟာ 2015 က ထွက်ခဲ့တဲ့ Jurassic World အရဲ့ အဆက်ရုပ်ရှင်လည်းဖြစ်သလို 1993 က ထွက်ခဲ့တဲ့ Jurassic Park ရုပ်ရှင်နဲ့ပါထည့်တွက်ရင် ၅ ကားမြောက်လည်းဖြစ်ပါတယ်။ Reboot မဟုတ်ဘူး။ ဇာတ်လမ်းအဆက်တွေ။

ရုပ်ရှင်ရဲ့ trailer နဲ့ Plot summary ကိုဖတ်ကြည့်လိုက်ရင် 1997 က ထွက်ခဲ့တဲ့ The Lost World: Jurassic Park နဲ့ နည်းနည်းလေး ဆင်သလိုလိုလေးတော့ရှိတယ်။ ဒါပေမဲ့ မဟုတ်ဘူး။ ဇာတ်လမ်းတစ်ပုဒ်လုံးမှာ အရင်ထွက်ထားခဲ့တဲ့ original 3 ကားက အငွေ့အသက်တွေ၊ element တွေကို ပြန်တွေ့ရတယ်။ တစ်ကားလုံးရဲ့ plot ကိုခြုံကြည့်ရင်တော့ အရင် Jurassic World ကိုတော့ မမီခဲ့ဘူး။ Plot twist တွေတော်တော်လေးထည့်ထားပေမဲ့ အများစုက ရုပ်ရှင်ကြည့်လွန်းအားကြီးသူတွေ အလွယ်တကူမှန်းမိနေမဲ့ cliché တွေပါတယ်။

Plot ဘက်မှာ သိပ်ကြီးအားရစရာမရှိပေမဲ့ visual ပိုင်းနဲ့ cinematic ပိုင်း၊ အသံပိုင်း စတာတွေမှာတော့ အရမ်းကိုကောင်းခဲ့တယ်။ ရိုက်ချက်တွေက ဒီလိုလာမယ်၊ ဒီလိုပြဦးမှာပဲလို့ သိနေတဲ့တိုင် ကိုယ်မှန်းထားတဲ့ expectation ကိုကျော်အောင် လုပ်ပြသွားခဲ့တဲ့ အကွက်တွေ အများကြီးပဲ။ သူ့ဇာတ်လမ်းအရ အရင်ကားတွေထက် horror ပုံစံလေးဘက်ရောက်တဲ့အထိ dark and brutal လည်းဖြစ်တယ်။ ကျော်တို့သဘောကျကြတဲ့ နာမည်ကျော် Velociraptor, T-Rex စတာတွေကို တော်တော်လှလှပပ မြင်ရမှာဖြစ်သလို အသစ်ပါလာတဲ့ Indoraptor ဆိုလည်း တော်တော်ကို ကြမ်းပြထားနိုင်တယ်။

Fallen Kingdom ဟာ တစ်ကားလုံးနီးပါး ကောင်းကောင်းကြီး entertain လုပ်ပေးသွားနိုင်တဲ့ ကားတစ်ကားပါ။ ခုမှကြည့်ဖူးသူတွေအနေနဲ့လည်း ပြဿနာသိပ်မရှိဘဲ အေးဆေးကြည့်နိုင်မယ်။ ကျော်တို့လို old fan တွေဆိုလည်း အရင်ကားတုန်းက park ဖွင့်ဖြစ်ခဲ့လို့ ကြည်နူးရသလို park ကြီး gone သွားပြန်တယ်ဆိုတော့ ပြန်ပြီး ကြေကွဲရဦးသပေါ့။


Movie download







✪ kwp marshmello ( movie ) ✪
✪ credit to the original ✪


Comments

Popular posts from this blog

Bakuman Live-action (မြန်မာစာတန်းထိုးဇာတ်ကား)

 ကျွန်တော်တို့ နှစ်သက်တဲ့ ဂျပန်မန်ဂရုပ်ပြတွေ စာမျက်နှာပေါ်ရောက်လာပုံရဲ့ နောက်ကွယ်က ဖြစ်ရပ်မှန်တွေကို ရှုစားရမယ့် Manga ဆွဲတဲ့သူတွေအကြောင်း ရုပ်ရှင်ဇာတ်ကားလေးတစ်ကား ဖြစ်ပါတယ်။ Bakuman ဇာတ်ကားဟာ Ohba Tsugumi နဲ့ Obata Takeshi တို့ရေးဆွဲတဲ့ နာမည်ကျော် မန်ဂဇာတ်လမ်းတွဲကို ပြန်လည်ရိုက်ကူးထားတာဖြစ်ပြီး၊ သူတို့နှစ်ယောက်ဟာ မြန်မာပရိသတ်များအသည်းကျော် Death Note ဇာတ်လမ်းတွဲရဲ့ ဖန်တီးရှင်တွေလည်း ဖြစ်ပါတယ်။ ဒီဇာတ်လမ်းရဲ့ အဓိက Theme ကတော့ ဂျပန်နိုင်ငံ နံပါတ်တစ် မန်ဂမဂ္ဂဇင်း Weekly Shonen JUMP မှာ Manga ရေးဆွဲခွင့်ရဖို့ ကြိုးစားတဲ့ လူငယ်နှစ်ယောက်အကြောင်း အဓိကဇာတ်လမ်းဆင်ထားပါတယ်။အဓိကဇာတ်ကောင်နှစ်ယောက်ဖြစ်တဲ့ Mashiro Moritaka နဲ့ Takagi Akito တို့အဖြစ် Satoh Takeru နဲ့ Kamiki Ryunosuke တို့ပါဝင်ထားပါတယ်။ လက်ရှိဂျပန်မှာ လျှမ်းလျှမ်းတောက်လူငယ်သရုပ်ဆောင်တွေဖြစ်တဲ့ သူတို့နှစ်ယောက်ထဲမှာမှ Satoh Takeru ကိုတော့ ဒီကပရိသတ်များ Kenshin အဖြစ် အထူးလူသိများကြမှာ ဖြစ်ပါတယ်။ Kamiki Ryunosuke ကိုယ်တိုင်လည်း Ruroni Kenshin နောက်ဆက်တွဲဇာတ်ကားနှစ်ကားမှာ Kenshin ရဲ့ အဓိကဓားရေးပြိုင်ဘက်ရန်သူ Soujiro အဖြစ် ပါဝင်ထားပါသေ...

A Prayer Before Dawn (2017) မြန်​မာစာတန်းထိုး

ဒီဇာတ်ကားကတော့ တစ်ကယ့်အဖြစ်မှန်ကို ပြန်ရိုက်ထားတဲ့ ဇာတ်ကားတစ်ကားပါ ထိုင်းနိုင်ငံရဲ့ထောင်တွေထဲမှာရိုက်ကူးထားတာဖြစ်ပါတယ်။ ထိုင်းထောင်ထဲက အကျဉ်းသားတွေရဲ့ဘ၀ ကို သနားစဖွယ်တွေ့မြင်ရမှာပါ။ ဘီလီမိုးဟာဆေးစွဲနေတဲ့ နိုင်ငံခြားသားတစ်ယောက်ပါ ရာမ လို့ခေါ်ကြတဲ့ စိတ်ကြွရူးသွပ်ဆေးပြားကိုအကြီးအကျယ်စွဲလန်းနေတဲ့ လက်ဝှေ့သမားတစ်ယောက်ပါ တစ်ရက် ရဲဝင်ဖမ်းရာကနေ ဘီလီမိုးတစ်ယောက် ထိုင်းအကျဉ်းထောင်ထဲကို ရောက်သွားပါတော့တယ်။ အဲ့က်နေစလို့ ထိုင်းစကားတောင်ရေလည်မတက်တဲ့ ဆေးသမား နိုင်ငံခြားသားတစ်ယောက် ထိုင်းထောင်ထဲမှာ ဒုက္ခ အကြီးကျယ်ရောက်ပါတော့တယ်။ ဆေးသုံးချင်စိတ်ကတစ်မျိုး ထိုင်းလူမိုက်တွေကတစ်မျိုးနဲ့ပေါ့။ တစ်ရက် ဘီလီတစ်ယောက် လက်ဝှေ့လေ့ကျင့်ရေးမှာ ၀င်လေ့ကျင့်ခွင့်ရသွားရာကနေ ထိုင်းရိုးရာမွေထိုင်း လက်ဝှေ့ကိုသင်ယူနိုင်ခဲ့ပါတယ်။ ထောင်ထဲက လက်ဝှေ့ပွဲမှာ အနိုင်ယူနိုင်ခဲ့ရာမှ အကြီးကဲတွေရဲ့သဘောကျတာကိုခံရပြီး နိုင်ငံအဆင့်ပွဲပါဝင်ပြိုင်ခွင့်ရခဲ့ပါတယ်။ ဒါပေမဲ့ ဆေးအလွန်အကျွံသုံးခဲ့တာကြောင့် အစာအိမ်ဒဏ်ရာဖြစ်လာတဲ့အခါ ဘယ်လိုတွေဆက်ဖြစ်မလဲဆိုတာကို စိတ်ဝင်စားဖွယ်ကြည့်၇မှာပါ။ ##တစ်ခုပြောရမှာက ဒီကားရဲ့English စာတန်းထိုးဖိ...

Your Name (2016)မြန်မာ စာတန်းထိုး

 ဒီကာတွန်းကားလေးကတော့ဂျပန်နိင်ငံမှာဝင်ငွေစံချိန် ချိုးခဲ့တဲ့ဇတ်ကားကောင်းလေးတစ်ကားပါ ပရိတ်သတ် တွေရဲ့အားပေးမှုနဲ့အတူဝင်ငွေဒလဟောရခဲ့တဲ့ကားဆိုလည်းမမှားပါဘူးဇတ်ကားထဲမှာပါဝင်တဲ့သီချင်းလေး တွေကအစဂျပန်နိင်ငံမှာယခုလက်ရှိနာမည်ကြီးသီချင်း တွေအဖြစ်ရပ်တည်နေဆဲပါဒီဇတ်ကားကိုဘလူးရေးက တော့အတော်လေးစောင့်လိုက်ရပါတယ်ထွက်ထွက်ချင်းပဲcm ပရိတ်သတ်တွေကိုကြည့်စေချင်တဲ့စေတနာ ကြောင့်တင်ဆက်ပေးလိုက်ရပါတယ်နှစ်ပေါင်း၁၂၀၀မှာတစ်ကြိမ်သာကမ္ဘာမြေပေါ်ဖြတ်သန်းတဲ့ကြယ်တံခွန် လေးနဲ့အတူလူသားနစ်ဦးရဲ့ဘဝဘယ်လိုပြောင်းလဲသွားမယ်ဆိုတာကိုစိတ်ဝင်တစားကြည့်ရမှာပါထူးဆန်းမှုတွေအချစ်ဇတ်လမ်းတွေနဲ့ဇတ်ကားစလယ်ဆုံးပရိတ်သတ် တွေကိုဆွဲဆောင်သွားမှာပါအကောင်းဆုံးကွာလတီနဲ့မို့သိမ်းထားသင့်တဲ့ဇတ်ကားကောင်းလေးတစ်ကားပါလို့ပြောကြားရင်း ..... KoWaiPhyolin.blogspot.com Movie download ✪ kwp marshmello (movie upload ) ✪ ✪ credit to the original ✪