Skip to main content

Lets Go Jet (2017)မြန်မာစာတန်းထိုး



 စိတ်ညစ်နေရင် စိတ်ဓာတ်ကျနေရင်
ကိုယ့်အိမ်မက်ဆီကို လျှောက်လှမ်းရာမှာ
Motivation တွေ အများကြီးပေးနိုင်တဲ့
ဂျပန် ရုပ်ရှင်  "Let's go Jets " ဆိုတဲ့ ကားလေးကိုကြည့်လိုက်ပါလို့ အကြံပြုပေးချင်ပါတယ်
ဒီကားလေးက ၂၀၀၉ ခုနစ်က ဖူခုအိ အထက်တန်းကျောင်းမှာ အမှန်တကယ် ဖြစ်ခဲ့တဲ့အဖြစ်အပျက်ကို အခြေခံပြီး ၂၀၁၆ ခုနစ်မှာ ရိုက်ကူးခဲ့တာပါ
ကြိုးစားနိုင်စွမ်း ဇွဲမလျော့နိုင်စွမ်း ကို အဓိကဖော်ကျူးထားပြီး စိတ်ဓာတ်ခွန်အားပေးနိုင်တဲ့ ဒီကားလေးဟာ အံ့သြစရာ ကြည်နူးစရာ ပျော်ရွှင်စရာ များနဲ့ မျက်ရည်တောင်ကျမိလောက်တဲ့ အထိကို ကောင်းလွန်းလို့ ၂နာရီလေး အချိန်ပေးပြီး ကြည့်ဖြစ်အောင် ကြည့်ပါလို့ တိုက်တွန်းပါရစေ
ကဲ ဒါဆို
ဇာတ်လမ်းလေးကို အရင်မပြောခင်
ဇာတ်ဆောင်လေးတွေနဲ့ မိတ်ဆက်ပေးချင်ပါတယ်
အဓိက ဇာတ်ဆောင်ကတော့ Suzu Hirose ဆိုတဲ့မင်းသမီးလေးပါ သူမဟာ အသက် ၁၉နှစ်သာ ရှိသေးပြီး ဇာတ်ကားပေါင်းများစွာနဲ့ ဆုပေါင်းများစွာ ရရှိထားသူလေးဖြစ်ပါတယ်
အားလုံးမှတ်မိကြမှာကတော့ kento နဲ့ Your Lie in April ဆိုတဲ့ ကားလေးဖြစ်ပါတယ်
မင်းသားကတော့ Mackenyu Arata ဆိုတဲ့ ၂၁ နှစ်ရွယ် မင်းသားလေးပါ  bittersweet (2016) နဲ့ Peach girl (2017) ကားတွေမှာ ပါဝင်သရုပ်ဆောင်ခဲ့ပါတယ်
အခုတော့ ဇာတ်လမ်း အကျဉ်းလေးကို ပြောပြပါတော့မယ်
ဟီခါရိ (Suzu Hirose) ဆိုတဲ့ကောင်မလေးဟာ ဖူခုအိအထက်တန်းကျောင်း မှာ ပန်းပွားအက အဖွဲ့ကို ဝင်ရောက်ခဲ့ပါတယ်
ဝင်ခဲ့တာကတော့ အလယ်တန်းတုန်းက သူငယ်ချင်းလေး ခိုးစုခဲ (Mackenyu Arata) ဘောလုံးကန်တာကို အားပေးဖို့ပါ
ဒါမယ့် ပန်းပွားအက ဆိုတာ ဝတ်စုံလေးက ချစ်စရာကောင်းပြီး ကကွက်တွေက အမြင်မှာလှသလောက် တကယ့် ကို မလွယ်ကူမှန်း ဟီခါရိ တစ်ယောက် ဝင်ပြီးကာမှ ကောင်းကောင်းသဘောပေါက်ခဲ့ပါတယ် သူ့ခမျာမှာ လက်ချိုးရုံသာ ကတတ်ခဲ့ပေမယ့် အဖွဲ့ခေါင်းဆောင်ကအစ ကျန်တဲ့သူတွေကတော့ အဆင်ပြေပြေကတတ်ကြပါတယ်
သူတို့လေးတွေရဲ့ စည်းကမ်းတင်းကြပ်တဲ့ နည်းပြကတော့ ပန်းပွားအကဆိုရင် အမေရိကထိ အိမ်မက် မက်ထားဖို့ဆိုပြီး ရည်မှန်းချက်ထားခိုင်းခဲ့ပါတယ်
ဒါမယ့် အဖွဲ့ဟာ စည်းလုံးမှုမရှိဘဲ တစ်ကွဲကွဲ
တစ်ပြားပြား ဖြစ်ခဲ့တယ်
အဲ့တော့
လက်ကွေးရုံသာကတတ်ခဲ့တဲ့ ဟီခါရိ ကဘယ်လိုများ ပန်းပွားအက ကို ရှေ့ဆက်မှာလဲ?
သူတို့တွေ အမေရိကဆီသွားမယ်ဆိုတဲ့
အိမ်မက်ကို ဘယ်လိုအကောင်အထည်ဖော်နိုင်မလဲ?
ဇာတ်လမ်းအဆုံးထိကို လုံးဝ လုံးဝ မပျင်းရဘဲ ကြိုးစားချင်စိတ်တွေ တစ်ဖွားဖွားဖြစ်လာစေတဲ့
Let's go jets! ဆိုတဲ့ ဂျပန် ရုပ်ရှင် ကားလေးကို
ကြည့်ရှုခံစားပေးကြပါအုံးလို့




Kowaiphyolin.blogspot.com









✪ kwp marshmello ( movie ) ✪
✪ credit to the original ✪

Comments

Popular posts from this blog

Bakuman Live-action (မြန်မာစာတန်းထိုးဇာတ်ကား)

 ကျွန်တော်တို့ နှစ်သက်တဲ့ ဂျပန်မန်ဂရုပ်ပြတွေ စာမျက်နှာပေါ်ရောက်လာပုံရဲ့ နောက်ကွယ်က ဖြစ်ရပ်မှန်တွေကို ရှုစားရမယ့် Manga ဆွဲတဲ့သူတွေအကြောင်း ရုပ်ရှင်ဇာတ်ကားလေးတစ်ကား ဖြစ်ပါတယ်။ Bakuman ဇာတ်ကားဟာ Ohba Tsugumi နဲ့ Obata Takeshi တို့ရေးဆွဲတဲ့ နာမည်ကျော် မန်ဂဇာတ်လမ်းတွဲကို ပြန်လည်ရိုက်ကူးထားတာဖြစ်ပြီး၊ သူတို့နှစ်ယောက်ဟာ မြန်မာပရိသတ်များအသည်းကျော် Death Note ဇာတ်လမ်းတွဲရဲ့ ဖန်တီးရှင်တွေလည်း ဖြစ်ပါတယ်။ ဒီဇာတ်လမ်းရဲ့ အဓိက Theme ကတော့ ဂျပန်နိုင်ငံ နံပါတ်တစ် မန်ဂမဂ္ဂဇင်း Weekly Shonen JUMP မှာ Manga ရေးဆွဲခွင့်ရဖို့ ကြိုးစားတဲ့ လူငယ်နှစ်ယောက်အကြောင်း အဓိကဇာတ်လမ်းဆင်ထားပါတယ်။အဓိကဇာတ်ကောင်နှစ်ယောက်ဖြစ်တဲ့ Mashiro Moritaka နဲ့ Takagi Akito တို့အဖြစ် Satoh Takeru နဲ့ Kamiki Ryunosuke တို့ပါဝင်ထားပါတယ်။ လက်ရှိဂျပန်မှာ လျှမ်းလျှမ်းတောက်လူငယ်သရုပ်ဆောင်တွေဖြစ်တဲ့ သူတို့နှစ်ယောက်ထဲမှာမှ Satoh Takeru ကိုတော့ ဒီကပရိသတ်များ Kenshin အဖြစ် အထူးလူသိများကြမှာ ဖြစ်ပါတယ်။ Kamiki Ryunosuke ကိုယ်တိုင်လည်း Ruroni Kenshin နောက်ဆက်တွဲဇာတ်ကားနှစ်ကားမှာ Kenshin ရဲ့ အဓိကဓားရေးပြိုင်ဘက်ရန်သူ Soujiro အဖြစ် ပါဝင်ထားပါသေ...

The Hitman’s Bodyguard 2017 မြန်မာစာတန်းထိုး

2017 ရဲ့ အကောင်းဆုံး Action Comedy တွေထဲက တစ်ခုပါ။ သြဂုတ် ၁၈ ကမှ ရုံတင်တာဖြစ်ပြီး IMDb 7.2 နဲ့ Box Office မှာ ထိပ်ဆုံးရောက်နေပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ ဘီလာရု သမ္မတဟောင်း ဗလာဒီဆလက် ဒူကိုဗစ်ခ်ျကို နိုင်ငံတကာရာဇ၀တ်မှုတရားရုံးက တရားစွဲထားချိန်မှာ သူ့ကို အပြစ်ရှိကြောင်း သက်သေထွက်ဆိုမယ့်သူ မရှိပါဘူး။ ဒူကိုဗစ်ခ်ျရဲ့လူတွေက သက်သေမှန်သမျှကို လိုက်ပြီး နှုတ်ပိတ်နေလို့ပါ။ ၀ါရင့်ကြေးစားလူသတ်သမားကြီး ဒဲရီးယပ် ကင်ကိတ်ကတော့ နောက်ဆုံးမှာ အပေးအယူလုပ်ပြီး သက်သေထွက်ဖို့ သဘောတူလိုက်ပါတော့တယ်။ အဲဒီအတွက် သူ့ကိုကာကွယ်ပေးဖို့ အေသုံးလုံးအဆင့် အထူးသက်တော်စောင့် မိုက်ကယ် ဘရိုက်စ်ကို အကူအညီတောင်းရတဲ့အခါမှာ လူသတ်သမားနဲ့သက်တော်စောင့် ရန်သူဟောင်းကြီး နှစ်ယောက် အတူလက်တွဲရပါတော့တယ်။ သူတို့အတိတ်မှာ ပြဿနာခဏဏတက်ထားတာမို့ လုံးဝမတည့်ဘဲ ရန်တစောင်စောင်နဲ့ ထောင်ကနေ တရားရုံးခရီးကို ဒူကိုဗစ်ခ်ျရဲ့ လူသတ်သမားများစွာကို ဖြတ်ကျော်ပြီး အရောက်သွားရတဲ့အခါ…… သက်တော်စောင့်ဘရိုက်စ်ဟာ အရာရာကို တွက်ဆပြီး ပြင်ဆင်လုပ်တတ်သူ၊ ကင်ကိတ်ကတော့ တုံးတိုက်တိုက် ကျားကိုက်ကိုက်နည်းလမ်းက ပိုကောင်းတယ်ယူဆသူ၊ သူတို့ နှစ်ယောက်ရဲ့ အလွဲတွေ ဟာသတွေနဲ့ အက်ရှင်ခပ်ြ...

Your Name (2016)မြန်မာ စာတန်းထိုး

 ဒီကာတွန်းကားလေးကတော့ဂျပန်နိင်ငံမှာဝင်ငွေစံချိန် ချိုးခဲ့တဲ့ဇတ်ကားကောင်းလေးတစ်ကားပါ ပရိတ်သတ် တွေရဲ့အားပေးမှုနဲ့အတူဝင်ငွေဒလဟောရခဲ့တဲ့ကားဆိုလည်းမမှားပါဘူးဇတ်ကားထဲမှာပါဝင်တဲ့သီချင်းလေး တွေကအစဂျပန်နိင်ငံမှာယခုလက်ရှိနာမည်ကြီးသီချင်း တွေအဖြစ်ရပ်တည်နေဆဲပါဒီဇတ်ကားကိုဘလူးရေးက တော့အတော်လေးစောင့်လိုက်ရပါတယ်ထွက်ထွက်ချင်းပဲcm ပရိတ်သတ်တွေကိုကြည့်စေချင်တဲ့စေတနာ ကြောင့်တင်ဆက်ပေးလိုက်ရပါတယ်နှစ်ပေါင်း၁၂၀၀မှာတစ်ကြိမ်သာကမ္ဘာမြေပေါ်ဖြတ်သန်းတဲ့ကြယ်တံခွန် လေးနဲ့အတူလူသားနစ်ဦးရဲ့ဘဝဘယ်လိုပြောင်းလဲသွားမယ်ဆိုတာကိုစိတ်ဝင်တစားကြည့်ရမှာပါထူးဆန်းမှုတွေအချစ်ဇတ်လမ်းတွေနဲ့ဇတ်ကားစလယ်ဆုံးပရိတ်သတ် တွေကိုဆွဲဆောင်သွားမှာပါအကောင်းဆုံးကွာလတီနဲ့မို့သိမ်းထားသင့်တဲ့ဇတ်ကားကောင်းလေးတစ်ကားပါလို့ပြောကြားရင်း ..... KoWaiPhyolin.blogspot.com Movie download ✪ kwp marshmello (movie upload ) ✪ ✪ credit to the original ✪