Skip to main content

Kaala (2018) မြန်မာစာတန်းထိုး



ဇာတ်ကားကောင်း ကြိုက်သူတွေ အတွက်”Kaala” ဆိုတဲ့ ဇာတ်ကားကောင်း၊ဘော်ဒါတို့အားလုံး ရင်းနှီးပြီးသားဖြစ်မှာပါ။Reviewတွေလည်း ဖတ်ဖူးကြမှာပါ။ဇာတ်လမ်းအညွှန်း….Kaala ဆိုတာ “Daravi”ဆိုတဲ့ ဆင်းရဲသား ရပ်ကွက်ရဲ့ခေါင်းဆောင်အဖြစ် တင်စားကြတဲ့ “Karrikaalan “ရဲ့ နာမည်တစ်ခုပေါ့။သူဟာ ဒီရပ်ကွက်မှာ ဩဇာညောင်းသူ၊ ဖခင်ဖန်တီးခဲ့တဲ့ မြေကို ဆက်လက်ထိန်းသိမ်း ထားသူပေါ့။
Kaala အဖေ ကို သတ်ခဲ့တဲ့ Harri Dada ဆိုတဲ့ ဝန်ကြီး ကလည်း ဒီမြေကို အစိုးရစီမံကိန်းလို့ လိမ်လည်ပြီး အပိုင်စီးချင်နေတယ်။ဆင်းရဲသားတွေကို တိုက်ခန်းတွေပေးမယ် ဘာညာပေါ့။ဒီအကြောင်းတွေကို မသိတဲ့ Zarrina ဆိုတဲ့ မဒမ်ကလည်းဒီစီမံကိန်းကို လူထုအကျိုးပြုအဖြစ် NGO ခေါင်းဆောင်အနေနဲ့ ဦးဆောင်ဦးရွက်ပြုရမယ်။Zarrenaဆိုတာ အာဖရိက,က လာတာဆိုပေမဲ့သူဟာ ဒါရဗီဇာတိ၊ ဒါရဗီမှာ ရာဇဝင်ကြွေးတွေတောင် ရှိသေး၊ ပြီးတော့မှ နိုင်ငံခြား ထွက်သွားတာ။Harri Dada ရဲ့ အကြံတွေ(နောက်ကွယ်က ကြိုးကိုင်မှု)ကို သိနေတဲ့ Kaala ကတော့ ဒီစီမံကိန်းကို လက်မခံပါဘူး။Harri DaDaဆိုတဲ့ လူကလည်း ဟိုးခေတ်တုန်းကပဲ ဂန်းစတားမို့ လူသတ်၊နှိပ်စက်ဖို့ ဝန်မလေးတဲ့လူပါ။ဒီလိုနဲ့ သူ့စိတ်ကူးအကြံတွေ ဖျက်ဆီးတဲ့ Kaalaကိုရက်ရက်စက်စက် လုပ်ကြံခဲ့ပါတယ်။ဘုရားသခင်ရဲ့ အလိုတော်အရ…..??Kaala နဲ့ Harri Dada တို့ အပြိုင်အဆိုင် ဘယ်လို အနိုင်ယူကြမလဲ?ဘယ်သူက ရာမလဲ? ဘယ်သူက ရာဝဏ္ဏ(ဒသဂီရိ)လဲ?အတ္တတွေနဲ့ ဘယ်လောက်ထိ ရက်စက်ကြမလဲ?အကြမ်းလောက်ကို ဖော်ပြလို့လည်း မပြီးသေးဘူး။အချစ်ပိုင်းမှာရော….?Zareena ရဲ့ ဒါရဗီက အတိတ်ဇာတ်လမ်းလေးရော ဘယ်လိုဖြစ်မလဲ..?ချစ်လျက်နဲ့ ဝေးကွာခဲ့ရလို့ အချစ်မပြယ်ကြပေမဲ့စည်းစောင့်ထိန်းတဲ့ ရည်းစားဟောင်းတွေ၊မိသားစု မပြိုကွဲမီ သာယာတဲ့ အိမ်ထောင်ရေးကို ဖန်တီးကြတဲ့ နားလည်မှုနဲ့Kaala တို့ လင်မယား၊အတုယူစရာတွေပေါ့။ဇာတ်ဝင်သီးချင်းတွေကတော့ သူတို့ရဲ့ ရိုးရာသံစဉ်တွေနဲ့ အချစ်သီချင်းတွေအပြင်၊ ယနေ့ခေတ်လူငယ်ကြိုက် Rapတွေနဲ့ Kaala ရဲ့ ဘုန်းတော်ဘွဲ့တွေလည်း ပါ,ပါသေးတယ်။သီချင်းတွေတင် မဟုတ်ဘူးနော်!  အဲ့ဒီသီချင်းတွေမှာ အကလေးတွေနဲ့ ဆွဲဆောင်ထားတာ။နိုင်ငံရေးသမား မင်းသားကြီး ရိုက်ထားတဲ့ ကားမို့ နိုင်ငံရေး ပညာပေးစကားလုံးတွေနဲ့ ဇာတ်ကားဟာ အဖိုးတန်နေပါတယ်။တမီးလ်ကားဆိုပေမဲ့ အရင်တမီးလ်ကားတွေနဲ့ပုံစံခွဲထွက်ထားပြီး လူကြီးကြိုက်၊ လူငယ်ကြိုက်မိုဲ့မြန်မာပြည်မှာတောင် ရုံတင်သေးတယ်လေ :3ပြီးတော့ လူအင်အားအများအပြား သုံးထားတာဒီကားမှာ အများဆုံးတွေဖူးတယ်။နောက်ခံတီးလုံး၊ ကာလာအနေအထား ကျွန်တော့်အမြင်မှာတော့ တော်တော်မိုက်တယ်။(မီးတောက်တွေကြား အသက်လု ပြေးကြလွှားကြပြီးမီးရှို့တိုက်ခိုင်မှု၊ ကားတိုက် သတ်မှု၊ တုတ်၊ဒါး၊ လက်နက်တွေနဲ့ သတ်ဖြတ်တိုက်ခိုက်မှု၊ အကြမ်းဖက်မှု အဓိကရုဏ်းတွေနဲ့ ပြည့်နှက် နေတာမို့ ကလေးတွေအနေနဲ့မကြည့်သင့်ဘူးထင်ရင် ကလေးတွေကို မပေးမိပါစေနဲ့ဗျ။)ဒီလောက်ပဲ ရေးပါရစေ၊ အညွှန်းမရေးတတ်တာ အားနည်းချက်မို့ ။သီချင်းတွေကိုလည်း အပင်ပန်းခံပြီး မြန်မာမှုပြုထားလို့ နည်းနည်းလေးမှ မကျော်ဘဲ ကြည့်ပေးကြပါလို့… ပြောချင်ပါတယ်ဗျာ။









✪ kwp marshmello ( movie ) ✪
✪ credit to the original ✪

Comments

Popular posts from this blog

That Is Not What I Expected ( 2017 ) - မြန်မာစာတန်းထိုး

တရုတ်ဟာသဇာတ်လမ်းများကို သဘောကျ နှစ်ခြိုက်သူများအတွက် ဒီနေ့မှာတော့ That Is Not What I Expected ဆိုတဲ့ ဇာတ်ကားလေးနဲ့ မိတ်ဆက်ပေးပါရစေ ... 2017 ခုနှစ်မှာ ထွက်ရှိခဲ့တာဖြစ်ပြီးတော့ Lan Baise ရေးသားထားတဲ့ Finally I Get You ဆိုတဲ့ ဝတ္ထုကို ပြန်လည်ပြင်ဆင်ပြီး ဒါရိုက်တာ Derek Hui က ရိုက်ကူးထားခဲ့တာဖြစ်ပါတယ် ... အဓိက သရုပ်ဆောင်တွေအဖြစ် Japanese-Taiwanese Actor တစ်ယောက်ဖြစ်တဲ့ မင်းသားကြီး Takeshi Kaneshiro က ပါဝင်သရုပ်ဆောင်ထားပြီး Soul Mate , Never Said Goodbye အစရှိတဲ့ ရုပ်ရှင်များမှာ မြန်မာပရိသတ်တွေကြား လူသိများခဲ့တဲ့ တရုတ်မင်းသမီးချောလေး Zhou Dongyu တို့ က ပါဝင် အားဖြည့်ထားပါတယ် ... ဇာတ်လမ်းလေးကတော့ လူငယ်ပရိသတ်တွေအကြိုက် ပေါ့ပေါ့ပါးပါးလေးပါပဲ ... ဇာတ်လမ်းလေးအကြောင်း အကျဉ်းချုံးပြောရမယ်ဆိုရင် ... ၂၉ နှစ်အရွယ် ဂူရှင်းနမ် ဆိုတဲ့ ကောင်မလေးဟာ ဟိုတယ်တစ်ခုက အနောက်တိုင်းစားသောက်ဆိုင်တစ်ခုရဲ့ စားဖိုမှူးတစ်ယောက်ပါ ... ဒါ့အပြင် သူဟာ ထိုဟိုတယ်ရဲ့ မန်နေဂျာတစ်ဦးနဲ့ ချစ်သူရည်းစားလဲ ဖြစ်နေပါသေးတယ် ... ကောင်မလေးချောချောလေးတွေ နဲ့ ကြည်နူးနေတတ်တဲ့ မန်နေဂျာက ဂူရှင်းနမ်နဲ့ သူရဲ့ ပတ်သက်မှုကို အလုပ်အကြောင်းပြလှ

Three Kings (1999) မြန်မာ စာတန်းထိုး

IMDb (7.1) Rotten Tomatoes (94%) Rating တွေမြင့်သလို မင်းသားတွေကလဲ ဒိတ်ဒိတ်ကြဲတွေချည်းပါပဲ။ George Clooney , Mark Wahlberg , Ice Cube တို့က အမေရိကန်စစ်သားတွေအဖြစ် အမိုက်စားပါဝင်သရုပ်ဆောင်ထားတာပါ။ Action, Adventure, Comedy အမျိုးအစားကို စစ်ပွဲနောက်ခံနဲ့တင်ဆက်ထားပါတယ်။ ပင်လယ်ကွေ့စစ်ပွဲအပြီးမှာ ဆက်ဒမ်ဟူစိန်ရဲ့လျှို့ဝှက်ရွှေတွေကို အမေရိကန်စစ်သားတစ်စု ခိုးထုတ်ဖို့ကြံစည်ရာက ဘာတွေဆက်ဖြစ်မလဲဆိုတာ….။ Movie download ✪ kwp marshmello ( movie ) ✪ ✪ credit to the original ✪

Champion (2018) မြန်​မာစာတန်းထိုး

ကိုရီးယား ဒရာမာဆန်ဆန် ဇာတ်လမ်းကောင်းတွေကို ကြည့်ရှူချင်ကြသူတွေအတွက် ဝတုတ်မင်းသားလို့ခေါ်ကြတဲ့ ကိုရီယားမင်းသား Ma Dong-Seok ရဲ့ ၂၀၁၈ ထွက်ကားကောင်းတစ်ကားတင်ဆက်ပေးလိုက်ပါတယ်… မာ့ခ် လို့ခေါ်တဲ့ ကိုရီယားလူမျိုး တစ်ယောက်ဟာ အကြောင်းတစ်ခုကြောင့် အမေရိကန်လူမျိုးမိသားတစ်စုရဲ့ မွေးစားခြင်းကိုခံရပြီး အမေရိကန် နိုင်ငံမှာပဲ ကြီးပြင်းခဲ့ပါတယ်.. သူဟာငယ်စဉ်ကတည်းက လက်မောင်းလှဲအားကစားကို ရူးသွပ်ပြီး ချန်ပီယံတစ်ယောက် ဖြစ်ချင်ခဲ့တာပါ… ဒီလိုနဲ့အရွယ်ရောက်လာချိန်မှာ အမေရိကန် လက်မောင်းလှဲ အားကစားအသင်းတစ်ခုမှာ ဝင်ရောက်ကစားကာ အောင်ပွဲတွေဆက်တိုက်ယူနေရင်း အကြောင်းတစ်ခုကြောင့် ထုတ်ပယ်ခံခဲ့ရပြီးနောက်မှာ သူဟာ ကလပ်တွေ ဘားတွေ ဈေးဆိုင်တွေမှာ လုံခြုံရေးအဖြစ် ကြုံရာ လုပ်ကိုင်နေထိုင်ခဲ့ရပါတယ် တစ်ရက်တော့ ညီအစ်ကိုလိုချစ်ခင်ရတဲ့ သူငယ်ချင်းတစ်ယောက်က ကိုရီးယားမှာ လက်မောင်းလှဲပြိုင်ပွဲကြီးရှိတဲ့အတွက် သူ့ကို ကိုရီးယားကိုခေါ်ပါတော့တယ်…. မာ့ခ်တစ်ယောက် ပြိုင်ပွဲဝင်ဖို့ကိုရီးယားရောက်လာပြီး သူ့ရဲ့ပျောက်ဆုံးနေတဲ့မိသားစုကို ပြန်လည်ရှာဖွေရင်း ချန်ပီယံတစ်ယောက်ဖြစ်လာနိုင်ပါမလား….။ အရမ်းကိုကြည့်ကောင်းတဲ့ဇာတ်ကားလေးဖြစ်ပြီး အသည်း