Skip to main content

That Is Not What I Expected ( 2017 ) - မြန်မာစာတန်းထိုး


တရုတ်ဟာသဇာတ်လမ်းများကို သဘောကျ နှစ်ခြိုက်သူများအတွက် ဒီနေ့မှာတော့ That Is Not What I Expected ဆိုတဲ့ ဇာတ်ကားလေးနဲ့ မိတ်ဆက်ပေးပါရစေ ... 2017 ခုနှစ်မှာ ထွက်ရှိခဲ့တာဖြစ်ပြီးတော့ Lan Baise ရေးသားထားတဲ့ Finally I Get You ဆိုတဲ့ ဝတ္ထုကို ပြန်လည်ပြင်ဆင်ပြီး ဒါရိုက်တာ Derek Hui က ရိုက်ကူးထားခဲ့တာဖြစ်ပါတယ် ...

အဓိက သရုပ်ဆောင်တွေအဖြစ် Japanese-Taiwanese Actor တစ်ယောက်ဖြစ်တဲ့ မင်းသားကြီး Takeshi Kaneshiro က ပါဝင်သရုပ်ဆောင်ထားပြီး Soul Mate , Never Said Goodbye အစရှိတဲ့ ရုပ်ရှင်များမှာ မြန်မာပရိသတ်တွေကြား လူသိများခဲ့တဲ့ တရုတ်မင်းသမီးချောလေး Zhou Dongyu တို့ က ပါဝင် အားဖြည့်ထားပါတယ် ...

ဇာတ်လမ်းလေးကတော့ လူငယ်ပရိသတ်တွေအကြိုက် ပေါ့ပေါ့ပါးပါးလေးပါပဲ ... ဇာတ်လမ်းလေးအကြောင်း အကျဉ်းချုံးပြောရမယ်ဆိုရင် ...

၂၉ နှစ်အရွယ် ဂူရှင်းနမ် ဆိုတဲ့ ကောင်မလေးဟာ ဟိုတယ်တစ်ခုက အနောက်တိုင်းစားသောက်ဆိုင်တစ်ခုရဲ့ စားဖိုမှူးတစ်ယောက်ပါ ... ဒါ့အပြင် သူဟာ ထိုဟိုတယ်ရဲ့ မန်နေဂျာတစ်ဦးနဲ့ ချစ်သူရည်းစားလဲ ဖြစ်နေပါသေးတယ် ... ကောင်မလေးချောချောလေးတွေ နဲ့ ကြည်နူးနေတတ်တဲ့ မန်နေဂျာက ဂူရှင်းနမ်နဲ့ သူရဲ့ ပတ်သက်မှုကို အလုပ်အကြောင်းပြလျှိုဝှက်ထားခဲ့ပါတယ် ...

တစ်နေ့ ဂူရှင်းနမ် တို့ အလုပ်လုပ်တဲ့ ဟိုတယ် ကို VN Group ရဲ့ CEO လုဂျင် ဆိုပြီး နာမည်ကြီးသူဌေး အစားအသောက် အရမ်းကြေးများတဲ့ လူက ဟိုတယ်ကို ဝယ်လိုက်ပါတော့တယ် ... ဟိုတယ်ရဲ့ သက်ဆိုင်တဲ့အရာတွေကို လိုက်လံစစ်ဆေးရင်း အစားအသောက်တွေမြည်းစမ်းကြည့်ရာ သူ့သဘောကျတဲ့လက်ရာမတွေ့ခဲ့ပါဘူး ...

နောက်ဆုံး ဂူရှင်းနမ် ချက်တဲ့ လက်ရာကိုမှ သဘောကျ နှစ်ခြိုက်သွားတဲ့ Mr.လု ရဲ့ စွဲလန်းမှုတေ အိမ်တိုင်ရာရောက်လိုက်ပြီး ဘယ်လိုတောင် အစားအသောက်ကို တန်းတန်းစွဲဖြစ်ခဲ့လဲဆိုတာရယ် ... ငါးပူတင်းစားလို့ အဆိပ်မိပြီး တစ်ခဏတာ အဆိပ်မိသွားတဲ့အချိန် ဘယ်လိုတောင် Romance တွေချည်း တကားရိုက်ကြမလဲဆိုတာကိုမြင်တွေ့ရမှာပါ ...

နောက်ပိုင်းသူတို့ နှစ်ဦးကြား ဘယ်လိုအရာတွေက ၀င်ပြီးနှောင့်ယှက်ရင်း ဘာတွေဆက်ဖြစ်မယ်ဆိုတာ သိချင်ရင်တော့ ဒီဇာတ်ကားလေးကို ကြည့်ရှုကြမယ်နော် ...

ကဲ ... Sat & Sun မှာ အလုပ်တွေရဲ့ ဝေးရာမှာနေပြီး Romance , Comedy ဇာတ်ကားလေးကို ကြည့်ရှုပြီး ဘဝအမောတွေဖြေရင်း ပြေလိုက်ကြရအောင်ဗျာ ...



Movie download






✪ kwp marshmello ( movie ) ✪
✪ credit to the original ✪
🌐https://kowaiphyolin.blogspot.com🌐

Comments

Popular posts from this blog

Bakuman Live-action (မြန်မာစာတန်းထိုးဇာတ်ကား)

 ကျွန်တော်တို့ နှစ်သက်တဲ့ ဂျပန်မန်ဂရုပ်ပြတွေ စာမျက်နှာပေါ်ရောက်လာပုံရဲ့ နောက်ကွယ်က ဖြစ်ရပ်မှန်တွေကို ရှုစားရမယ့် Manga ဆွဲတဲ့သူတွေအကြောင်း ရုပ်ရှင်ဇာတ်ကားလေးတစ်ကား ဖြစ်ပါတယ်။ Bakuman ဇာတ်ကားဟာ Ohba Tsugumi နဲ့ Obata Takeshi တို့ရေးဆွဲတဲ့ နာမည်ကျော် မန်ဂဇာတ်လမ်းတွဲကို ပြန်လည်ရိုက်ကူးထားတာဖြစ်ပြီး၊ သူတို့နှစ်ယောက်ဟာ မြန်မာပရိသတ်များအသည်းကျော် Death Note ဇာတ်လမ်းတွဲရဲ့ ဖန်တီးရှင်တွေလည်း ဖြစ်ပါတယ်။ ဒီဇာတ်လမ်းရဲ့ အဓိက Theme ကတော့ ဂျပန်နိုင်ငံ နံပါတ်တစ် မန်ဂမဂ္ဂဇင်း Weekly Shonen JUMP မှာ Manga ရေးဆွဲခွင့်ရဖို့ ကြိုးစားတဲ့ လူငယ်နှစ်ယောက်အကြောင်း အဓိကဇာတ်လမ်းဆင်ထားပါတယ်။အဓိကဇာတ်ကောင်နှစ်ယောက်ဖြစ်တဲ့ Mashiro Moritaka နဲ့ Takagi Akito တို့အဖြစ် Satoh Takeru နဲ့ Kamiki Ryunosuke တို့ပါဝင်ထားပါတယ်။ လက်ရှိဂျပန်မှာ လျှမ်းလျှမ်းတောက်လူငယ်သရုပ်ဆောင်တွေဖြစ်တဲ့ သူတို့နှစ်ယောက်ထဲမှာမှ Satoh Takeru ကိုတော့ ဒီကပရိသတ်များ Kenshin အဖြစ် အထူးလူသိများကြမှာ ဖြစ်ပါတယ်။ Kamiki Ryunosuke ကိုယ်တိုင်လည်း Ruroni Kenshin နောက်ဆက်တွဲဇာတ်ကားနှစ်ကားမှာ Kenshin ရဲ့ အဓိကဓားရေးပြိုင်ဘက်ရန်သူ Soujiro အဖြစ် ပါဝင်ထားပါသေ...

A Prayer Before Dawn (2017) မြန်​မာစာတန်းထိုး

ဒီဇာတ်ကားကတော့ တစ်ကယ့်အဖြစ်မှန်ကို ပြန်ရိုက်ထားတဲ့ ဇာတ်ကားတစ်ကားပါ ထိုင်းနိုင်ငံရဲ့ထောင်တွေထဲမှာရိုက်ကူးထားတာဖြစ်ပါတယ်။ ထိုင်းထောင်ထဲက အကျဉ်းသားတွေရဲ့ဘ၀ ကို သနားစဖွယ်တွေ့မြင်ရမှာပါ။ ဘီလီမိုးဟာဆေးစွဲနေတဲ့ နိုင်ငံခြားသားတစ်ယောက်ပါ ရာမ လို့ခေါ်ကြတဲ့ စိတ်ကြွရူးသွပ်ဆေးပြားကိုအကြီးအကျယ်စွဲလန်းနေတဲ့ လက်ဝှေ့သမားတစ်ယောက်ပါ တစ်ရက် ရဲဝင်ဖမ်းရာကနေ ဘီလီမိုးတစ်ယောက် ထိုင်းအကျဉ်းထောင်ထဲကို ရောက်သွားပါတော့တယ်။ အဲ့က်နေစလို့ ထိုင်းစကားတောင်ရေလည်မတက်တဲ့ ဆေးသမား နိုင်ငံခြားသားတစ်ယောက် ထိုင်းထောင်ထဲမှာ ဒုက္ခ အကြီးကျယ်ရောက်ပါတော့တယ်။ ဆေးသုံးချင်စိတ်ကတစ်မျိုး ထိုင်းလူမိုက်တွေကတစ်မျိုးနဲ့ပေါ့။ တစ်ရက် ဘီလီတစ်ယောက် လက်ဝှေ့လေ့ကျင့်ရေးမှာ ၀င်လေ့ကျင့်ခွင့်ရသွားရာကနေ ထိုင်းရိုးရာမွေထိုင်း လက်ဝှေ့ကိုသင်ယူနိုင်ခဲ့ပါတယ်။ ထောင်ထဲက လက်ဝှေ့ပွဲမှာ အနိုင်ယူနိုင်ခဲ့ရာမှ အကြီးကဲတွေရဲ့သဘောကျတာကိုခံရပြီး နိုင်ငံအဆင့်ပွဲပါဝင်ပြိုင်ခွင့်ရခဲ့ပါတယ်။ ဒါပေမဲ့ ဆေးအလွန်အကျွံသုံးခဲ့တာကြောင့် အစာအိမ်ဒဏ်ရာဖြစ်လာတဲ့အခါ ဘယ်လိုတွေဆက်ဖြစ်မလဲဆိုတာကို စိတ်ဝင်စားဖွယ်ကြည့်၇မှာပါ။ ##တစ်ခုပြောရမှာက ဒီကားရဲ့English စာတန်းထိုးဖိ...

Your Name (2016)မြန်မာ စာတန်းထိုး

 ဒီကာတွန်းကားလေးကတော့ဂျပန်နိင်ငံမှာဝင်ငွေစံချိန် ချိုးခဲ့တဲ့ဇတ်ကားကောင်းလေးတစ်ကားပါ ပရိတ်သတ် တွေရဲ့အားပေးမှုနဲ့အတူဝင်ငွေဒလဟောရခဲ့တဲ့ကားဆိုလည်းမမှားပါဘူးဇတ်ကားထဲမှာပါဝင်တဲ့သီချင်းလေး တွေကအစဂျပန်နိင်ငံမှာယခုလက်ရှိနာမည်ကြီးသီချင်း တွေအဖြစ်ရပ်တည်နေဆဲပါဒီဇတ်ကားကိုဘလူးရေးက တော့အတော်လေးစောင့်လိုက်ရပါတယ်ထွက်ထွက်ချင်းပဲcm ပရိတ်သတ်တွေကိုကြည့်စေချင်တဲ့စေတနာ ကြောင့်တင်ဆက်ပေးလိုက်ရပါတယ်နှစ်ပေါင်း၁၂၀၀မှာတစ်ကြိမ်သာကမ္ဘာမြေပေါ်ဖြတ်သန်းတဲ့ကြယ်တံခွန် လေးနဲ့အတူလူသားနစ်ဦးရဲ့ဘဝဘယ်လိုပြောင်းလဲသွားမယ်ဆိုတာကိုစိတ်ဝင်တစားကြည့်ရမှာပါထူးဆန်းမှုတွေအချစ်ဇတ်လမ်းတွေနဲ့ဇတ်ကားစလယ်ဆုံးပရိတ်သတ် တွေကိုဆွဲဆောင်သွားမှာပါအကောင်းဆုံးကွာလတီနဲ့မို့သိမ်းထားသင့်တဲ့ဇတ်ကားကောင်းလေးတစ်ကားပါလို့ပြောကြားရင်း ..... KoWaiPhyolin.blogspot.com Movie download ✪ kwp marshmello (movie upload ) ✪ ✪ credit to the original ✪