Skip to main content

Posts

Showing posts from June, 2018

Anohana: The Flower We Saw That Day (2013မြန်မာစာတန်းထိုး

ဇာတ်လမ်းအကျဉ်းကတော့ တစ်ခါတုန်းက တစ်ယောက်နဲ့တစ်ယောက်တော်တော်ခင်ခဲ့ကြတဲ့ သူငယ်ချင်း ၆ ယောက် ရှိတယ်။ ဒါပေမဲ့ သူတို့ထဲက တစ်ယောက်ကမမျှော်လင့်ပဲ မတော်တဆမှုတစ်ခုဖြစ်ပြီး ဆုံးသွားတယ်။ အဲ့ဒီအချိန်ကစပြီးတော့ သူတို့သူငယ်ချင်း တစ်စုလုံး တစ်ယောက်နဲ့တစ်ယောက်အနေစိမ်းသွားကြရော။ ဒီအဖြစ်အပျက်တွေ ဖြစ်ပြီးကတည်းက သူတို့အုပ်စုရဲ့ခေါင်းဆောင် ဂျင်းတန်က စိတ်ဓာတ်ကျပြီး အမြဲလိုလို တစ်ယောက်ထဲအချိန်တွေကို ကုန်ဆုံးနေတာပေါ့။တစ်ရက်မှာတော့ ဆုံးသွားတဲ့ကောင်မလေးရဲ့ ၀ိညာဉ်ဟာ သူ့ရှေ့ရောက်ချလာပြီး သူ့အနေနဲ့ ဆုတောင်းတစ်ခု ဖြည့်ဆည်းပေးဖို့တောင်းဆိုလာတယ်။ ဆုတောင်းပြည့်မှ သူကနောင်ဘ၀ကို ကူးနိုင်မှာတဲ့။ ဒါပေမဲ့ မန်းမာက သူ့ဆုတောင်းသူ မမှတ်မိတော့ ဂျင်းတန် လည်း သူတို့နဲ့ စိမ်းသွားတဲ့ သူငယ်ချင်းတွေဆီ အကူအညီတောင်းရတော့တာပေါ့။ဒါနဲ့ ကောင်မလေးရဲ့ဝိညာဉ် ဘ၀ကူးနိုင်အောင် အဖြေရှာရင်း သူတို့အချင်းချင်းပြန်အဆင်ပြေသွားကြမလား ပြီးတော့ အဲ့နေ့က အဖြစ်အပျက်နဲ့ပတ်သတ်ပြီး အချင်းချင်းလျှို့ဝှက်ချက်တွေကကောဘာတွေလဲ ဆိုတာ?ဇာတ်လမ်းအမျိုးအစားကတော့ Comedy, Drama ဖြစ်ပြီးတော့၂၀၁၁ ခုနှစ်မှာထွက်ရှိခဲ့တဲ့ series ကို ပြန်ပြီး ရိုက်ထားတဲ့ movie ဖြစ်ပါတယ်။ စာရေးဆရာ

To the Forest of Firefly Lights (2011)မြန်မာစာတန်းထိုး

ဂျပန်စာရေးဆရာYuki Midorikiwaကရေးခဲ့ပြီး 2011မှာanimeအဖြစ်အသက်သွင်းခဲ့ပါတယ် ရိုမန်တစ်ဆန်တဲ့ဇာတ်လမ်းအမျိုးအစားဖြစ်ပြီး ရည်းစားမရှိတဲ့လူတွေဖီးလ်စေမယ့် ကားမျိုးပဲဖြစ်ပါတယ် ဟိုတာရုရဲ့အသက်ခြောက်နှစ်အရွယ်လောက်က ကျေးလတ်မှာရှိတဲ့ သူ့အဖိုးရဲ့ရွာနားကတောအုပ်ထဲလမ်းပျောက်ပြီး ဂင်လို့ခေါ်တဲ့မျက်နှာဖုံးနဲ့ လူထူးဆန်းလေးနဲ့စတင်တွေ့ဆုံခဲ့ပြီး နွေရာသီရောက်တိုင်း သူတို့နှစ်ယောက်က အတူဆုံလေ့ရှိပါတယ် ဂင်ရဲ့ထူးခြားမှုက သူ့အသားကိုလူတစ်ယောက်ထိတာနဲ့ ဂင်ဟာထာဝရပျောက်ကွယ် သွားရမှာပါ သူတို့ရဲ့ဆက်ဆံရေးတွေကဘယ်လိုရှုပ်ထွေးလာပြီးတော့ ဘယ်လိုဇာတ်သိမ်းမလဲ ဆိုတာကို ဒါရိုက်တာ Takahiro Omoriကသေချာရိုက်ပြထားပါတယ်ဗျ ဇာတ်လမ်းကိုစစတင်ချင်းမှာပဲ တစ်ဟုန်ထိုးအောင်မြင်မှုတွေ ရပြီးတော့ International Film Festival, Anime Contents Expo နဲ့ Anime Expo conventionတွေမှာပြသခွင့်ရခဲ့ပါတယ်66th Annual Mainichi Film Awardsဆုပေးပွဲမှာ animation flim awardကိုလည်းရရှိထားတဲ့ကားကောင်းလေးပါ ကဲ အားပေးကြပါဦးဗျာ။အားပေးကြပါဦးဗျာ။ Kowaiphyolin.blogspot.com Movie download ✪ kwp marshmello (movie upload ) ✪ ✪ credit to the ori

Let Me Eat Your Pancreas (2017)မြန်မာစာတန်းထိုး

 2017 ခုနှစ်ထွက် ဂျပန် Romantic ကျောင်းသားကားလေးတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ် IMdb မှာ 7.3 ရထားပြီးတော့ ဂျပန်မှာသာမကကမ္ဘာမှာပါပေါက်ခဲ့တဲ့ကားလေးတစ်ကားပါ ဇာတ်ကားလေးက ဇာတ်လမ်းလေးတင်မကပဲနဲ့ ပါဝင်သရုပ်ဆော်ငထားတဲ့ မင်းသားမင်းသမီးတွေကလဲ လုံးဝ အလန်းတွေမို့ကြည့်သင့်တဲ့ ကားလေးတစ်ကားဖြစ်ပါတယ် ဇာတ်ကားလေးက တော့ လွန်ခဲ့တဲ့ အတိတ်ဇာတ်လမ်းမှာအကြောင်းကြောင်းကြောင့် ဝေးကွာခဲ့ရတဲ့ စုံတွဲလေး တစ်ရက်မှာ ကောင်လေးက ကျောင်းမှာ ဆရာပြန်လာလုပ်တဲ့အခါမှာ သူ့ တပည့်ဖြစ်သူကို သူ့ရဲ့ လွမ်းဆွေးစရာဇာတ်လမ်းလေးတွေ ဘယ်လို ရိုခဲ့တယ်ဆိုတာတွေကို ပြန်ပြောပြနေတဲ့ပုံစံလေး ရိုက်ကူးပြထားတာဖြစ်ပါတယ် ဇာတ်လမ်းအကျဉ်းလေးကတော့ ငါ ( Takumi Kitamura) ဟာအထက်တန်းကျောင်းသားလေးတစ်ယောက်ပါ သူ့ရဲ့ သူငယ်ချင်းလေး ဆာကူရာ (Minami Hamabe) ကတော့ပန်ကရိယ မကောင်းတဲ့ ရောဂါကိုခံစားနေရတာပါ ဒီလိုနဲ့ သူမဟာ သေဆုံးသွားခဲ့ပြီး တော့ ၁၂ ကြာတဲ့ အခါမှာTakumi Kitamura ဟာ ဆာကူရာ ရဲ့ စကားကိုနားထောင်ပြီး သူတို့ ၂ယောက်ငယ်ငယ်က တက်ခဲ့တဲ့ ကျောင်းမှာကျောင်းဆရာလာပြန်လုပ်ပါတယ် သူဟာ သူနဲ့ ဆာကူရာတက်ခဲ့တဲ့ကျောင်းမှာဆရာပြန်လုပ်တော့ ဆာကူရာနဲ့ သူဖြတ်သန်းခဲ့တာကို ပြန်လည်သတိရနေခဲ့ပါတယ်

Strobe Edge ( 2015 )မြန်မာစာတန်းထိုး

2015 ခုနှစ်မှာ ထွက်ရှိထားတဲ့ Japanese Romance Movie လေးပါ .. နီနာကို ခိနိုရှိတဆိုတဲ့ကောင်မလေးဟာကျောင်းသစ်ကို ပြောင်းလာပြီး ရမ် ဆိုတဲ့ကောင်လေးကိုရထားပေါ်မှာ တွေ့ရာကနေချစ်မိသွားပါတယ် …. ဒါပေမဲ့ ရမ်မှာက ချစ်သူကောင်မလေးရှိနေပြီးသားဖြစ်နေတယ် … တခြားကောင်လေးတွေက နီနာကို ကို ချစ်ခွင့်ပန်ပေးမယ့်လည်း ရမ် တစ်ယောက်ကိုပဲချစ်နေမိတဲ့ နီနာကို ဘယ်လိုဆက်ဖြစ်မလဲ … သူ့အချစ်တွေကို ရမ် ကသတိပြုမိမှာလား ?? ရမ်ကကောသူ့ကောင်မလေးနဲ့ ဘယ်လိုဆက်ဖြစ်ကြမလဲဆိုတာကို ဒီကားလေးမှာကြည့်ရှုကြပါလို့ … ကျောင်းသား အချစ်ဇာတ်လမ်း fancy drama သုံးပွင့်ဆိုင်ဇာတ်လမ်းလေးဖြစ်ပါတယ် ? မင်းသမီး၁ယောက် မင်းသား၂ယောက်ပါဝင်တဲ့ ဒီဇာတ်လမ်းလေးမှာဘယ်သူနဲ့ပေါင်းဖက်မလဲ ?? ကျောင်းသားဇာတ်လမ်းလေးဖြစ်တဲ့အတွက် လူငယ်တွေအကြိုက်ဖြစ်မှာပါ … ?? Rating အရ IMDb မှာ 6.4/10 ရရှိထားပါတယ် … Kowaiphyolin.blogspot.com Movie download ✪ kwp marshmello (movie upload ) ✪ ✪ credit to the original ✪

The Swan Princess: A Royal Myztery ( 2018 )မြန်မာစာတန်းထိုး

ငယ်ငယ်တုန်းက ဘာဘီ မင်းသမီး ဇာတ်ကားလေးတွေဆို မလွတ်တမ်းကြည့်ခဲ့ရတာတွေကိုမှတ်မိနေသေးတယ် … Rapunzel ကိုကိုယ်အကြိုက်ဆုံးပဲ … စွန့်စားခန်းကလဲပါ အချစ်ဇာတ်သွားလေးကလဲပါနဲ့ … အခုကားကတော့စွန့်စားခန်းပိုများတယ် … ပြီးတော့ တော်ဝင်မိသားစုအတွင်းပြသာနာလေးကို ရိုက်ပြထားတာ … မင်းသမီးဦးစားပေးတော့မဟုတ်ဘူး , မင်းသားဦးစားပေးလေးပါ … ဇာတ်လမ်းအကျဉ်းလေးကတော့ – ဘောရိုမီရို တိုင်းပြည်ထဲမှာ စာရေးတာကို အလွန်ဝါသနာပါတဲ့ ဘုရင်မတစ်ပါးရှိတယ် … နိုင်ငံရေးအကြောင်းကို လုံးဝစိတ်မ၀င်စားသူတယောက်ပေါ့ … စာအုပ်ရေးနေရရင်ကို ကျေနပ်နေသူပါ … ထို ဘုရင်မမှာ သားတော်တစ်ပါးရှိတယ် … သူကလဲအိမ်ထောင်ရှိလို့ သားသမီးတစ်စုံနဲ့ ပေါ့ … ဘုရင်မဆိုလို ဘုရင်မရှိဘူးထင်နေဦးမယ် … ဘုရင်လဲရှိတယ်နော် … တနေ့ကျတော့ သူတို့ တိုင်းပြည်မှာ ဘယ်ကမှန်းမသိတဲ့ Z လိုလို N လိုလို စာလုံးတခုကိုနေရာစုံမှာစတွေ့တော့တာပဲ … ပထမတော့ နည်းနည်းပဲတွေ့ရတာဆိုတော့ ပေါ့ပေါ့ပါးပါးကြွက်တွေ လက်ကမြင်းတယ်လိုပဲ မြင်တာပေါ့ … နောက်တော့ အဲ့စာလုံးက တော်တော်ဆိုးရွားလာပြီး ဘယ်သူက ဘာကြောင့်လုပ်တာလဲဆိုတာ စုံစမ်းရာကနေ ကြွက်တွေအုပ်လိုက်ကြီး လိုက်လုပ်နေတာမြင်ခဲ့တယ် … အဲ့ကြွက်တွေက မ

Bakuman Live-action (မြန်မာစာတန်းထိုးဇာတ်ကား)

 ကျွန်တော်တို့ နှစ်သက်တဲ့ ဂျပန်မန်ဂရုပ်ပြတွေ စာမျက်နှာပေါ်ရောက်လာပုံရဲ့ နောက်ကွယ်က ဖြစ်ရပ်မှန်တွေကို ရှုစားရမယ့် Manga ဆွဲတဲ့သူတွေအကြောင်း ရုပ်ရှင်ဇာတ်ကားလေးတစ်ကား ဖြစ်ပါတယ်။ Bakuman ဇာတ်ကားဟာ Ohba Tsugumi နဲ့ Obata Takeshi တို့ရေးဆွဲတဲ့ နာမည်ကျော် မန်ဂဇာတ်လမ်းတွဲကို ပြန်လည်ရိုက်ကူးထားတာဖြစ်ပြီး၊ သူတို့နှစ်ယောက်ဟာ မြန်မာပရိသတ်များအသည်းကျော် Death Note ဇာတ်လမ်းတွဲရဲ့ ဖန်တီးရှင်တွေလည်း ဖြစ်ပါတယ်။ ဒီဇာတ်လမ်းရဲ့ အဓိက Theme ကတော့ ဂျပန်နိုင်ငံ နံပါတ်တစ် မန်ဂမဂ္ဂဇင်း Weekly Shonen JUMP မှာ Manga ရေးဆွဲခွင့်ရဖို့ ကြိုးစားတဲ့ လူငယ်နှစ်ယောက်အကြောင်း အဓိကဇာတ်လမ်းဆင်ထားပါတယ်။အဓိကဇာတ်ကောင်နှစ်ယောက်ဖြစ်တဲ့ Mashiro Moritaka နဲ့ Takagi Akito တို့အဖြစ် Satoh Takeru နဲ့ Kamiki Ryunosuke တို့ပါဝင်ထားပါတယ်။ လက်ရှိဂျပန်မှာ လျှမ်းလျှမ်းတောက်လူငယ်သရုပ်ဆောင်တွေဖြစ်တဲ့ သူတို့နှစ်ယောက်ထဲမှာမှ Satoh Takeru ကိုတော့ ဒီကပရိသတ်များ Kenshin အဖြစ် အထူးလူသိများကြမှာ ဖြစ်ပါတယ်။ Kamiki Ryunosuke ကိုယ်တိုင်လည်း Ruroni Kenshin နောက်ဆက်တွဲဇာတ်ကားနှစ်ကားမှာ Kenshin ရဲ့ အဓိကဓားရေးပြိုင်ဘက်ရန်သူ Soujiro အဖြစ် ပါဝင်ထားပါသေးတယ်

Fantasia (မြန်မာ စာတန်းထိုး)

သင့် နှလုံးသားထဲမှာ မစ်ကီမောက်စ် တို့ ဒေါ်နယ်ဒက် တို့ ဂေါ်ဖီ တို့လို ကာတွန်းတွေ ရှိသေးတယ်ဆိုရင် ဒီ Fantasia ကို ကြည့်သင့်ပါတယ်.... ဒီ Fantasia ဆိုတာဟာ ရုပ်ရှင်ကား တစ်ကားမဟုတ်ပဲ သင့် ရင်ထဲရောက်တဲ့ အပိုင်းအစ လေးတွေ များစွာ ထည့်သွင်းပေးထားပါတယ် သင့်ပတ်ဝန်းကျင်မှာ ယနေ့ထက်ထိ တကယ် ဖြစ်ပျက်နေတဲ့ အကြောင်းအရာတွေပါ Walt Disney ရဲ့ အကောင်းဆုံး နောက်ခံ တေးဂီတ ကို Animation နဲ့ လိုက်ဖက်စွာ ပုံဖော်ပြီး ကမ္ဘာကျော် တေးဂီတ များစွာကို ဘယ်လိုတွေ နောက်ခံ ဂီတ အဖြစ် အံဝင် ဂွင်ကျ တီးခတ်ထားကြသလဲ ဆိုတာ Fantasia နဲ့ အတူ လိုက်ပါ ခံစားပေးကြပါအုံး Kowaiphyolin.blogspot.com  Movie download

Rampage (2018)မြန်မာစာတန်းထိုး

အမေရိကန် အထူးတပ်ဖွဲ့ ဝင်ဟောင်းတစ်ဦးဖြစ်တဲ့ ဒေးဗစ်အိုကွေဟာ ဆန်ဒီရေးဂိုးတောရိုင်း တိရစ္ဆာန် ကာကွယ်စောင့်ရှောက် ရေးဌာနက ဂေါ်ရီလာမျောက်ဝံ တွေနဲ့ပတ်သက်ပြီး သုတေသန ပြုနေတဲ့ နာမည်ကြီး ပညာရှင် တစ်ယောက်ပါ။ မုဆိုးတွေလက်ကနေ ကယ် ဆယ်လာခဲ့တဲ့ ဂျော့ခ်ျဆိုတဲ့ ဂေါ်ရီ လာမျောက်ဝံဖြူကြီးဟာ သာမန် မျောက်ဝံတွေနဲ့မတူဘဲ ထူးခြားတဲ့ အသိဉာဏ်ဖွံ့ဖြိုးမှုမျိုးရှိနေတယ်ဆိုတာ ဒေးဗစ်က သတိထားမိပြီး ဂျော့ခ်ျနဲ့လည်း ရင်းနှီးခဲ့ပါတယ်။ တစ်ရက်မှာတော့ ဂျော့ခ်ျ နေတဲ့နေရာကို ထူးဆန်းတဲ့ ပစ္စည်းတစ်ခုကျလာပြီး အဲဒါကို ဂျော့ခ်ျ က ထိလိုက်တဲ့အခါမှာတော့ ည တွင်းချင်းမှာကို ဂျော့ခ်ျစိတ်ရိုင်း ဝင်ကာ ခန္ဓာကိုယ်အရွယ်အစား ကလည်း အကြီးကြီးဖြစ်သွားခဲ့ပါ တယ်။ အဲဒီနောက်မှာတော့ ဒေးဗစ် ကို မျိုးရိုးဗီဇဆိုင်ရာ ပညာရှင် ဒေါက်တာကိတ်ကဲလ်ဝဲက ဆက် သွယ်ပြီး ဂျော့ခ်ျ အခုလိုဖြစ်သွား တာဟာ Energyne ကုမ္ပဏီက စမ်းသပ်ထားတဲ့ သန္ဓေပြောင်း ပစ္စည်းကြောင့်လို့ပြောပါတယ်။ ဒေါက်တာကိတ်ကိုလည်း Energyne ကုမ္ပဏီက အလုပ် ထုတ်ပစ်ခဲ့သလို ကုမ္ပဏီနဲ့ စမ်း သပ်မှုတွေကို ထုတ်ပြောလို့ဆိုပြီး ထောင်ချပစ်ဖို့အထိပါ လုပ်ခဲ့ပါ တယ်။ ဂျော့ခ်ျကို အေးဂျင့်ဟာဗေး ရက်ဆဲလ်ဦးဆောင်တဲ့ အစိုးရ အဖွဲ့အစည

Shrek 1 to 4 (The Collection)မြန်မာစာတန်းထိုး

Shrek လို့ဆိုလိုက်တာနဲ့ ရဲရင့်တဲ့ ပေါတောတော ဘီလူးစိမ်းကြီးကို ပြေးမြင်မိကြမယ်ထင်ပါရဲ့။ ဟုတ်ပါတယ်။ Dreamworks Animation ရဲ့ ရေပန်းအစားဆုံး ကာတွန်းစီးရီးထဲမှာ Shrek က Kung Fu Panda ထက် တစ်ကားပိုပြီး နှာတစ်ဖျားသာနေပါတယ်။  Shrek ကားရဲ့ ပေါက်ချက်ကြောင့် သူ့ရဲ့ spin-off ဖြစ်တဲ့ Puss in Boots ဟာလည်း 2011 မှာ ၀င်ငွေသဲ့ယူခဲ့ပြန်ပါသေးတယ်။ Shrek အောင်မြင်တာနဲ့အမျှ သူနဲ့ ပတ်သက်တဲ့ ပစ္စည်းအသုံးအဆောင်ကလေးတွေကို ကလေးတွေက အရူးအမူး ၀ယ်ယူခဲ့လို့ commercial ဖက်မှာလည်း အတော်ကြီး မြိုးမြိုးမြက်မြက် ရသလို Universal Studios ကြီးက ကလေးကစားကွင်းတွေမှာပါ ရဲတိုက်တွေ မိုးပျံရထားတွေနဲ့ ထည့်သွင်းတည်ဆောက်ကြပြန်ပါတယ်။ သည်လို အောင်မြင်တဲ့ Shrek ရဲ့ ဇာတ်ကြောင်းက ရိုးရိုးကလေးနဲ့ ဆန်းပြားစွာ ဆွဲဆောင်နိုင်ပါတယ်။ ပုံပြင်ကလေးက…။ ဟိုးရှေးရှေးတုန်းက ကျိန်စာသင့်နေတဲ့ မင်းသမီးလေးတစ်ပါး ရှိသတဲ့။ အဲဒီကျိန်စာကတော့ မင်းသမီးကလေးဟာ ညဖက်ကျရင် ဘီလူးမအဖြစ် ပြောင်းလဲသွားတတ်သတဲ့။ သည်ကျိန်စာဟာ အချစ်စစ်နဲ့ နမ်းမှသာ ပျက်ပြယ်မှာတဲ့။ ဘုရင်ကြီးနဲ့ မိဖုရားကြီးက ရှက်လို့ ဖုံးဖိထားကြသလို သည်ကျိန်စာကနေ လွတ်မြောက်ချင်တဲ့ မင်းသမီးကလေး

The Sorcerer and the White Snake 2011( မြန်မာစာတန်းထိုး)

နာမည်ကြီးမင်းသားဂျက်လီနဲ့ကားဆိုတာနဲ့တင်ပြောစရာကိုမလိုတော့ပါဘူး..ဒီကားကတော့ ကြည့်ဖူးသမျှဂျက်လီရဲ့ကားတွေထဲမှာ အကောင်းဆုံးနဲ့အမိုက်ဆုံးကားတစ်ကားဆိုရင်လည်းမမှားပါဘူး… ၂၀၁၁ ကရိုက်ခဲ့တဲ့ကားပေမယ့် CGI Effect တွေကတော့ဒီနေ့အထိကောင်းမွန်ဆဲလို့ပြောရမှာပါပဲ…မိစ္ဆာတွေကိုလိုက်ဖမ်းတဲ့ကျောင်းတိုင်ဘုန်းတော်ကြီးဖအိုင် အဖြစ်ဂျက်လီကိုမြင်ရမှာဖြစ်ပါတယ်…သူဟာမိစ္ဆာပေါင်းစုံကိုလိုက်လံနှိမ်နင်းဖမ်းဆီးပြီးတော့ကျောင်းဆောင်အပေါ်ထပ်မှာချုပ်နှောင်ထားရပါတယ်..သူအဲလိုလိုက်လံဖမ်းဆီးနေတဲ့အချိန် တခြားအရပ်မှာတော့ မိစ္ဆာမြွေမလေး ၂ ယောက်ထဲက အမဖြစ်သူ စုစုဟာလူသားယောကျာင်္းလေးတစ်ယောက်ကို ရုတ်တရက်မြင်မိရာကနေချစ်ကြိုက်မိသွားပါတယ်…အဲဒီအချိန်မှာဇာတ်လမ်းကစတော့တာပါပဲ…အချစ်မှာ မျက်စိမရှိဘူးဆိုပေမယ့် လူသားတစ်ယောက်နဲ့မိစ္ဆာတစ်ကောင်ဟာအတူတူပေါင်းစည်းဖို့ဆိုတာ ဖြစ်နိုင်ပါ့မလား…ပေါင်းစည်းလို့ရခဲ့ရင်တောင်မှ အခက်ခဲတွေအများကြီးရှိမှာပါ..ဒါပေမယ့် ဒီကားလေးမှာကတော့ အချစ်ကြီးတဲ့ မိစ္ဆာမြွေဖြူမလေးတစ်ယောက်ရဲ့နှလုံးသားဖြူဖြူလေးကို အသေချာမြင်တွေ့ရမှာပါ..တစ်ကားလုံးနီးပါး စိတ်ဝင်တစားကြည့်ရမှာဖြစ်ပြီးတော့ လူသားကောင်လေးတစ်ယောက်နဲ့ မိစ္ဆာမြွေမလေးတစ်ယောက်ရဲ့အချစ်

One Day (2016)မြန်မာစာတန်းထိုး

ဒီဇတ်လမ်းလေးကို မကြည့်ခင် ဇတ်လမ်းအကြောင်းလေး နည်းနည်း အရင် သိချင်မလား ?ဒင်ချိုင် ဆိုတဲ့ ကောင်လေးဟာ အခု ခေတ် အဆိုအရ FA တစ်ယောက်ပါသူက အိုင်တီဝန်ထမ်း တစ်ယောက်ဖြစ်ပြီး လူတိုင်း ရဲ့ လိုသုံးလဲ ဖြစ်ပါတယ်ရုံးတစ်ခုလုံးက သူ့နာမည်ကို မှတ်မိမှု မရှိသလို လိုအပ်တာ နဲ့ဟေး.. ဆိုပြီး အဆင်သင့် ခေါ်ခိုင်းလေ့ ရှိပါတယ်..အဲ့ဒီလို အထီးကျန် မှုတွေ နဲ့ ပြည့်နေတဲ့ ဒင် ဆီကို နူဝီ ဆိုတဲ့ ကောင်မလေးဟာ ဆိုက်ဆိုက်မြိုက်မြိုက်ရောက်ရှိလာပါတယ်…နူဝီ ဟာ သူမ ပရင်တာပျက်နေလို့ ဒင် ကို အကူအညီလာတောင်းရာကနေ ဘယ်မိန်းကလေးကိုမှ စိတ်မ၀င်စားခဲ့တဲ့ဒင် ဟာ နူဝီ အနောက်က အရိပ်လို တကောက်ကောက် လိုက်နေခဲ့ပြီး နူဝီ ကြိုက်တက်တာတွေ လိုက်မှတ်နူဝီ ဘယ်သွားလဲ လိုက်ကြည့် သူမ လိုအပ်တာလေးတွေကို မသိမသာ ကွယ်ရာကနေ လိုက်ဖြည့်ဆည်းပေးပါတယ်…ဒါပေမယ့် ဒင် ရဲ့ အချစ်တွေဟာ နူဝီ ဆီ မရောက်ခဲ့ပါဘူး…နူဝီ ဆိုတဲ့ မိန်းမချောလေးကို ဒင် ရဲ့ သူဌေး တော့ပ် က ချစ်ရေးဆိုပြီး လက်တွဲလိုက်ကြတဲ့နေ့မှာတော့ ဒင် ရဲ့ အသဲတွေအပိုင်းပိုင်းအစစ နဲ့ပေါ့…ဒါပေမယ့် တစ်ရက်မှာတော့ နူဝီ သွားချင်နေတဲ့ ဟော့ကိုင်းဒိုး က နှင်းပွဲတော် ကို လိုက်ပို့ဖို့အတွက် သူဌေး တော့ပ် ကရုံးက ၀န်ထမ်း အားလုံး ကိုပါ ပျေ

The Hitman’s Bodyguard 2017 မြန်မာစာတန်းထိုး

2017 ရဲ့ အကောင်းဆုံး Action Comedy တွေထဲက တစ်ခုပါ။ သြဂုတ် ၁၈ ကမှ ရုံတင်တာဖြစ်ပြီး IMDb 7.2 နဲ့ Box Office မှာ ထိပ်ဆုံးရောက်နေပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ ဘီလာရု သမ္မတဟောင်း ဗလာဒီဆလက် ဒူကိုဗစ်ခ်ျကို နိုင်ငံတကာရာဇ၀တ်မှုတရားရုံးက တရားစွဲထားချိန်မှာ သူ့ကို အပြစ်ရှိကြောင်း သက်သေထွက်ဆိုမယ့်သူ မရှိပါဘူး။ ဒူကိုဗစ်ခ်ျရဲ့လူတွေက သက်သေမှန်သမျှကို လိုက်ပြီး နှုတ်ပိတ်နေလို့ပါ။ ၀ါရင့်ကြေးစားလူသတ်သမားကြီး ဒဲရီးယပ် ကင်ကိတ်ကတော့ နောက်ဆုံးမှာ အပေးအယူလုပ်ပြီး သက်သေထွက်ဖို့ သဘောတူလိုက်ပါတော့တယ်။ အဲဒီအတွက် သူ့ကိုကာကွယ်ပေးဖို့ အေသုံးလုံးအဆင့် အထူးသက်တော်စောင့် မိုက်ကယ် ဘရိုက်စ်ကို အကူအညီတောင်းရတဲ့အခါမှာ လူသတ်သမားနဲ့သက်တော်စောင့် ရန်သူဟောင်းကြီး နှစ်ယောက် အတူလက်တွဲရပါတော့တယ်။ သူတို့အတိတ်မှာ ပြဿနာခဏဏတက်ထားတာမို့ လုံးဝမတည့်ဘဲ ရန်တစောင်စောင်နဲ့ ထောင်ကနေ တရားရုံးခရီးကို ဒူကိုဗစ်ခ်ျရဲ့ လူသတ်သမားများစွာကို ဖြတ်ကျော်ပြီး အရောက်သွားရတဲ့အခါ…… သက်တော်စောင့်ဘရိုက်စ်ဟာ အရာရာကို တွက်ဆပြီး ပြင်ဆင်လုပ်တတ်သူ၊ ကင်ကိတ်ကတော့ တုံးတိုက်တိုက် ကျားကိုက်ကိုက်နည်းလမ်းက ပိုကောင်းတယ်ယူဆသူ၊ သူတို့ နှစ်ယောက်ရဲ့ အလွဲတွေ ဟာသတွေနဲ့ အက်ရှင်ခပ်ြ

Oversize Cops (2017) မြန်မာစာတန်းထိုး

အိုဗာဆိုဒ်လို့တွေ့တာနဲ့ မျက်လုံးထဲမှာ ၀၀ဖိုင့်ဖိုင့်ကိုယ်လုံး တွေပဲ ပြေးမြင်မိကြမှာဖြစ်သလို တကယ်လည်းပဲ ၀ဖိုင့်ပြီး ခန္ဓာ ကိုယ်ကို မနည်းလှုပ်ရှားသွားလာ နေရတဲ့ ရဲဝန်ထမ်းလေးယောက် အကြောင်း ရိုက်ကူးတင်ဆက် ထားတာဖြစ်ပါတယ်။ကန်နဲ့သူ့ သူငယ်ချင်းသုံး ယောက်က ၀လွန်းပြီး လှုပ်ရှားမှု နှေးကွေးလွန်းလို့ လုယက်သမား ကို မဖမ်းနိုင်ခဲ့တဲ့သတင်းဟာ သတင်းခေါင်းကြီးပိုင်းမှာပါလာ ပြီးနောက်မှာတော့ ထိုင်းရဲဌာနကို အရှက်ရစေခဲ့ပါတယ်။ အဲဒါနဲ့ ရဲ ဌာနချုပ်အကြီးအကဲက ထိုင်းရဲ တွေအကုန်လုံး ဗိုက်မပူရဘူးဆို တဲ့အမိန့် ထုတ်လိုက်ပြီး သတ် မှတ်ကိုယ်အလေးချိန်အတိုင်းရှိ နေစေဖို့ လုပ်ခိုင်းပါတော့တယ်။ သူတို့တွေအကုန်လုံးကို ကိုယ်အ လေးချိန်တွင် ပြန်ချိန်၊ ဆေးတွေ စစ်ခိုင်းပြီး သုံးလအတွင်း ပေါင် ချိန်လျော့အောင်လုပ်ရမယ်လို့ အမိန့်ပေးခဲ့ပြီး လေ့ကျင့်ခန်းယူစေ ခဲ့ပါတယ်။အားနေရင် လေးယောက် သား အတူစားလိုက်သောက် လိုက်လုပ်နေကြတဲ့ ကန်တို့ လေး ယောက်အဖို့ ကိုယ်အလေးချိန် လျှော့ခိုင်းတဲ့အမိန့်ဟာ ငရဲအ လားပါပဲ။ အဲဒါနဲ့ အပြေးလေ့ကျင့် ခန်းတွေယူရ၊ အစားအသောက် ကိုလည်း အတိုင်းအဆနဲ့ စားရလို့ စိတ်ဒုက္ခရောက်နေချိန်မှာ ၀မ်း သာ ပျော်ရွှင်စရာ အခြေအနေ လေးပေးလာပြန်ပါတယ

My Teacher (2017)မြန်မာစာတန်းထိုး

 My Teacher ဇာတ်ကားလေးမှာတော့ အထက်တန်းကျောင်းသူလေးတစ်ဦးရဲ့ သူ့ သမိုင်းဆရာအပေါ် ချစ်မိတဲ့ အချစ်ကို ဖော်ပြထားပါတယ်…�ရှီမားဒါးဟာ အသက်၁၇နှစ်အရွယ် ဆယ်ကျော်သက်အထက်တန်းကျောင်းသူလေးပါ…အချစ်ဆိုတာ ဘာလဲ စူးစမ်းချင်နေတဲ့အရွယ်ပေါ့… အဲ့ဒီအချိန်မှာပဲ သူဟာ လူတစ်ယောက်အပေါ် ရူးရူးမိုက်မိုက် ချစ်မိသွားပါတော့တယ်…သူကတော့တခြား မဟုတ်ပါဘူး…သူတို့ အတန်းမှာ ကမ္ဘာ့သမိုင်းသင်တဲ့ ဆရာအီတို ပါပဲ…ဆရာနဲ့ တပည့်ကြားက အချစ်ရေးကိစ္စဆိုတာလည်း ပြောရအခက်သားနော်…ဒါဟာမဖြစ်သင့်ပါဘူးလို့ပဲ လူတိုင်းကပြောကြလိမ့်မယ်…ဆရာအီတို ကိုယ်တိုင်ကလည်း ဆရာသိက္ခာကိုစောင့်ထိန်းလို့ ဒီချစ်စရာကောင်းလှတဲ့ တပည့်မလေးရဲ့ အချစ်ကို ငြင်းပယ်ခဲ့ပါတယ်…ဒါပေမယ့် ရှီမာဒါကနောက်မဆုတ်ဘဲရှေ့ဆက်တိုးလာတဲ့အခါမှာတော့… Kowaiphyolin.blogspot.com Movie download ✪ Openload link dowload ပြုလုပ်နည်း ✪

Namiya (2017)မြန်မာစာတမ်းထိုး

ဒီတစ်ခေါက်မိတ်ဆက်ပေးမယ့်ဇာတ်ကားကောင်းလေးကတော့ နာမည်ကြီးဂျပန်ဝတ္တုတပုဒ်ကိုအခြေခံထားပြီး ဂျပန်ဇာတ်ကားအနေနဲ့ ထွက်ရှိတုန်းကလဲ အောင်မြင်ခဲ့တဲ့ကားလေးဖြစ်ပါတယ် ဒီတစ်ခေါက်တရုတ်ဗားရှင်းမှာတော့ မင်းသားကြီးဂျက်ကီချန်းက ဆိုင်ရှင်အနေနဲ့ ပါဝင်လာပြီး တက်သစ်စသရုပ်ဆောင်များကော ၀ါရင့်သရုပ်ဆောင်များတဲ့ပါ မြိုင်ဆိုင်ဆိုင်တင်ဆက်ထားတာဖြစ်ပါတယ် Box office ကတော့ ဂျက်ကီချန်းဟာဒီကားမှာလဲ အသက်ကြီးကြီး ဆိုင်ရှင်အဘိုးကြီး ဇာတ်ကောင်နဲ့ သူ့သရုပ်ဆောင်စွမ်းရည်ကိုပြသနိုင်ခဲ့တယ်လို့ ချီးကျူးခဲ့ပါတယ် ဇာတ်လမ်းအကျဉ်းလေးကတော့ ၁၉၉၃ ခုနှစ်တုန်းက နာမီယာစတိုးဆိုင်လို့လူတွေခေါ်ကြတဲ့ စတိုးဆိုင်လေးမှာ ဆိုင်ရှင်အဘိုးကြီးက စာရေးပြီးအကြံအဥာဏ်တောင်းတဲ့ ကိစ္စတိုင်းကို စာပြန်ပြီးအကြံအဥာဏ်ပြန်ပေးလေ့ရှိပါတယ်..သူရဲ့ အချိန်တွေကိုတခြားလူတွေအတွက်အကောင်းဆုံးအကြံအဥာဏ်တွေပေးပြီးနေထိုင်နေရင်း တစ်နေ့မှာတော့ အကြောင်းကြောင်းကြောင့် ဒီအလုပ်ကိုရပ်တန့်ဖို့ဖြစ်လာပါတယ်.... ဒါပေမယ့် သူသေဆုံးပြီးလို့ နောက် ၂၅ နှစ်ကြာရင် ဒီဆိုင်ကိုညသန်းခေါင်ကနေ မနက်အထိပြန်ဖွင့်မယ်လို့ ကြေညာပေးဖို့ သူအယုံကြည်ရဆုံးသူကိုမှာထားခဲ့ပါတယ်.... နောင် ၂၅ နှစ်၂၀၁၇ ခုနှစ် နှစ်သစ်ကူး

One.Week.Friend 2017

ဒီကားလေးအကြောင်းမပြောခင် ဒီကားထဲကမင်းသားအကြောင်းအရင်ပြောပါရစေ။ ဒီကားထဲကမင်းသား Yamazaki Kento ဟာ လက်ရှိ ဂျပန်သရုပ်ဆောင် Top 10 မှာ နံပတ်တစ်ဖြစ်ပြီး သူ့ကို Prince of Live action လို့လဲ ခေါ်ကြပါတယ် ဘာလို့လဲဆိုတော့ ဂျပန် Anime တော်တော်များများကို သူပဲ ပြန်ရိုက်ရတာများလို့ပါ။ သူနာမည်ကြီးခဲ့တဲ့ကားတွေကတော့ Your Lie in April တို့ Wolf Girl and Black Prine တို့ ပါ။ ကဲအခု ဇာတ်ကားအကြောင်းပြောရအောင်။ ဒီ One Week Friends ဇာတ်ကားဟာ Live Action မထွက်ခင် Animeမှာ ကတည်းက ပရိသတ်အားပေးမှု အပြည့်အ၀ရရှိထားပြီး အားလုံးကြိုက်နှစ်သက်ခဲ့ကြပါတယ်။ Live Action ထွက်တော့ ကျွန်တော် တွေးမိသေးတယ် Animeကို မှီပါ့မလားလို့ဆိုပြီး ကန်တို ကို ယုံကြည်ပေမယ့် Animeတော်တော်များများကို Live Action ထွက်ရင် Animeကိုမမှီပဲ ဆားမပါတဲ့ဟင်းလို ပေါ့ပျက်ပျက်ကားတွေက တလှေကြီးမို့ပါ။ ဒါပေမယ့် ကျွန်တော့်အထင် တက်တက်စင် လွဲသွားပါတယ်။ ဒီ Live Action လေးက အတော်လေးကို ကောင်းလွန်းတဲ့အပြင် ဇာတ်ကားတိုင်းလိုလို အချေဇာတ်ရုပ်နဲ့ သရုပ်ဆောင်တဲ့ ကန်တို တောင် ဒီကားထဲမှာ ဟိုလူ့တောင်းပန် ဒီလူ့တောင်းပန် နဲ့ ဇာတ်နာပြထားပါ။ ဇာတ်အိမ်တည်ဆောက်ထားပုံလေးက လုံးဝပေါ့