Skip to main content

Anohana: The Flower We Saw That Day (2013မြန်မာစာတန်းထိုး

ဇာတ်လမ်းအကျဉ်းကတော့ တစ်ခါတုန်းက တစ်ယောက်နဲ့တစ်ယောက်တော်တော်ခင်ခဲ့ကြတဲ့ သူငယ်ချင်း ၆ ယောက် ရှိတယ်။ ဒါပေမဲ့ သူတို့ထဲက တစ်ယောက်ကမမျှော်လင့်ပဲ မတော်တဆမှုတစ်ခုဖြစ်ပြီး ဆုံးသွားတယ်။ အဲ့ဒီအချိန်ကစပြီးတော့ သူတို့သူငယ်ချင်း တစ်စုလုံး တစ်ယောက်နဲ့တစ်ယောက်အနေစိမ်းသွားကြရော။ ဒီအဖြစ်အပျက်တွေ ဖြစ်ပြီးကတည်းက သူတို့အုပ်စုရဲ့ခေါင်းဆောင် ဂျင်းတန်က စိတ်ဓာတ်ကျပြီး အမြဲလိုလို တစ်ယောက်ထဲအချိန်တွေကို ကုန်ဆုံးနေတာပေါ့။တစ်ရက်မှာတော့ ဆုံးသွားတဲ့ကောင်မလေးရဲ့ ၀ိညာဉ်ဟာ သူ့ရှေ့ရောက်ချလာပြီး သူ့အနေနဲ့ ဆုတောင်းတစ်ခု ဖြည့်ဆည်းပေးဖို့တောင်းဆိုလာတယ်။ ဆုတောင်းပြည့်မှ သူကနောင်ဘ၀ကို ကူးနိုင်မှာတဲ့။
ဒါပေမဲ့ မန်းမာက သူ့ဆုတောင်းသူ မမှတ်မိတော့ ဂျင်းတန် လည်း သူတို့နဲ့ စိမ်းသွားတဲ့ သူငယ်ချင်းတွေဆီ အကူအညီတောင်းရတော့တာပေါ့။ဒါနဲ့ ကောင်မလေးရဲ့ဝိညာဉ် ဘ၀ကူးနိုင်အောင် အဖြေရှာရင်း သူတို့အချင်းချင်းပြန်အဆင်ပြေသွားကြမလား ပြီးတော့ အဲ့နေ့က အဖြစ်အပျက်နဲ့ပတ်သတ်ပြီး အချင်းချင်းလျှို့ဝှက်ချက်တွေကကောဘာတွေလဲ ဆိုတာ?ဇာတ်လမ်းအမျိုးအစားကတော့ Comedy, Drama ဖြစ်ပြီးတော့၂၀၁၁ ခုနှစ်မှာထွက်ရှိခဲ့တဲ့ series ကို ပြန်ပြီး ရိုက်ထားတဲ့ movie ဖြစ်ပါတယ်။ စာရေးဆရာမကတော့Mari Okada ဖြစ်ပါတယ်။ ကလေးဘ၀အပြစ်ကင်းတဲ့ အတွေးတွေ ၊ ခံစားချက်တွေ ၊ ကိုယ်ပိုင်အခက်အခဲတွေ နဲ့အတူ သနားစရာကောင်းတဲ့ ဇာတ်လမ်းဇာတ်ကွက်တွေက ဒရာမာကြိုက်ပရိတ်သတ်တွေအဖို့ဇာတ်ကားကောင်းတစ်ခုဖြစ်စေမှာပါ။

Kowaiphyolin .blogspot.com


Movie download





✪ kwp marshmello (movie upload ) ✪
✪ credit to the original ✪

Comments

Popular posts from this blog

Bakuman Live-action (မြန်မာစာတန်းထိုးဇာတ်ကား)

 ကျွန်တော်တို့ နှစ်သက်တဲ့ ဂျပန်မန်ဂရုပ်ပြတွေ စာမျက်နှာပေါ်ရောက်လာပုံရဲ့ နောက်ကွယ်က ဖြစ်ရပ်မှန်တွေကို ရှုစားရမယ့် Manga ဆွဲတဲ့သူတွေအကြောင်း ရုပ်ရှင်ဇာတ်ကားလေးတစ်ကား ဖြစ်ပါတယ်။ Bakuman ဇာတ်ကားဟာ Ohba Tsugumi နဲ့ Obata Takeshi တို့ရေးဆွဲတဲ့ နာမည်ကျော် မန်ဂဇာတ်လမ်းတွဲကို ပြန်လည်ရိုက်ကူးထားတာဖြစ်ပြီး၊ သူတို့နှစ်ယောက်ဟာ မြန်မာပရိသတ်များအသည်းကျော် Death Note ဇာတ်လမ်းတွဲရဲ့ ဖန်တီးရှင်တွေလည်း ဖြစ်ပါတယ်။ ဒီဇာတ်လမ်းရဲ့ အဓိက Theme ကတော့ ဂျပန်နိုင်ငံ နံပါတ်တစ် မန်ဂမဂ္ဂဇင်း Weekly Shonen JUMP မှာ Manga ရေးဆွဲခွင့်ရဖို့ ကြိုးစားတဲ့ လူငယ်နှစ်ယောက်အကြောင်း အဓိကဇာတ်လမ်းဆင်ထားပါတယ်။အဓိကဇာတ်ကောင်နှစ်ယောက်ဖြစ်တဲ့ Mashiro Moritaka နဲ့ Takagi Akito တို့အဖြစ် Satoh Takeru နဲ့ Kamiki Ryunosuke တို့ပါဝင်ထားပါတယ်။ လက်ရှိဂျပန်မှာ လျှမ်းလျှမ်းတောက်လူငယ်သရုပ်ဆောင်တွေဖြစ်တဲ့ သူတို့နှစ်ယောက်ထဲမှာမှ Satoh Takeru ကိုတော့ ဒီကပရိသတ်များ Kenshin အဖြစ် အထူးလူသိများကြမှာ ဖြစ်ပါတယ်။ Kamiki Ryunosuke ကိုယ်တိုင်လည်း Ruroni Kenshin နောက်ဆက်တွဲဇာတ်ကားနှစ်ကားမှာ Kenshin ရဲ့ အဓိကဓားရေးပြိုင်ဘက်ရန်သူ Soujiro အဖြစ် ပါဝင်ထားပါသေ...

The Hitman’s Bodyguard 2017 မြန်မာစာတန်းထိုး

2017 ရဲ့ အကောင်းဆုံး Action Comedy တွေထဲက တစ်ခုပါ။ သြဂုတ် ၁၈ ကမှ ရုံတင်တာဖြစ်ပြီး IMDb 7.2 နဲ့ Box Office မှာ ထိပ်ဆုံးရောက်နေပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ ဘီလာရု သမ္မတဟောင်း ဗလာဒီဆလက် ဒူကိုဗစ်ခ်ျကို နိုင်ငံတကာရာဇ၀တ်မှုတရားရုံးက တရားစွဲထားချိန်မှာ သူ့ကို အပြစ်ရှိကြောင်း သက်သေထွက်ဆိုမယ့်သူ မရှိပါဘူး။ ဒူကိုဗစ်ခ်ျရဲ့လူတွေက သက်သေမှန်သမျှကို လိုက်ပြီး နှုတ်ပိတ်နေလို့ပါ။ ၀ါရင့်ကြေးစားလူသတ်သမားကြီး ဒဲရီးယပ် ကင်ကိတ်ကတော့ နောက်ဆုံးမှာ အပေးအယူလုပ်ပြီး သက်သေထွက်ဖို့ သဘောတူလိုက်ပါတော့တယ်။ အဲဒီအတွက် သူ့ကိုကာကွယ်ပေးဖို့ အေသုံးလုံးအဆင့် အထူးသက်တော်စောင့် မိုက်ကယ် ဘရိုက်စ်ကို အကူအညီတောင်းရတဲ့အခါမှာ လူသတ်သမားနဲ့သက်တော်စောင့် ရန်သူဟောင်းကြီး နှစ်ယောက် အတူလက်တွဲရပါတော့တယ်။ သူတို့အတိတ်မှာ ပြဿနာခဏဏတက်ထားတာမို့ လုံးဝမတည့်ဘဲ ရန်တစောင်စောင်နဲ့ ထောင်ကနေ တရားရုံးခရီးကို ဒူကိုဗစ်ခ်ျရဲ့ လူသတ်သမားများစွာကို ဖြတ်ကျော်ပြီး အရောက်သွားရတဲ့အခါ…… သက်တော်စောင့်ဘရိုက်စ်ဟာ အရာရာကို တွက်ဆပြီး ပြင်ဆင်လုပ်တတ်သူ၊ ကင်ကိတ်ကတော့ တုံးတိုက်တိုက် ကျားကိုက်ကိုက်နည်းလမ်းက ပိုကောင်းတယ်ယူဆသူ၊ သူတို့ နှစ်ယောက်ရဲ့ အလွဲတွေ ဟာသတွေနဲ့ အက်ရှင်ခပ်ြ...

Your Name (2016)မြန်မာ စာတန်းထိုး

 ဒီကာတွန်းကားလေးကတော့ဂျပန်နိင်ငံမှာဝင်ငွေစံချိန် ချိုးခဲ့တဲ့ဇတ်ကားကောင်းလေးတစ်ကားပါ ပရိတ်သတ် တွေရဲ့အားပေးမှုနဲ့အတူဝင်ငွေဒလဟောရခဲ့တဲ့ကားဆိုလည်းမမှားပါဘူးဇတ်ကားထဲမှာပါဝင်တဲ့သီချင်းလေး တွေကအစဂျပန်နိင်ငံမှာယခုလက်ရှိနာမည်ကြီးသီချင်း တွေအဖြစ်ရပ်တည်နေဆဲပါဒီဇတ်ကားကိုဘလူးရေးက တော့အတော်လေးစောင့်လိုက်ရပါတယ်ထွက်ထွက်ချင်းပဲcm ပရိတ်သတ်တွေကိုကြည့်စေချင်တဲ့စေတနာ ကြောင့်တင်ဆက်ပေးလိုက်ရပါတယ်နှစ်ပေါင်း၁၂၀၀မှာတစ်ကြိမ်သာကမ္ဘာမြေပေါ်ဖြတ်သန်းတဲ့ကြယ်တံခွန် လေးနဲ့အတူလူသားနစ်ဦးရဲ့ဘဝဘယ်လိုပြောင်းလဲသွားမယ်ဆိုတာကိုစိတ်ဝင်တစားကြည့်ရမှာပါထူးဆန်းမှုတွေအချစ်ဇတ်လမ်းတွေနဲ့ဇတ်ကားစလယ်ဆုံးပရိတ်သတ် တွေကိုဆွဲဆောင်သွားမှာပါအကောင်းဆုံးကွာလတီနဲ့မို့သိမ်းထားသင့်တဲ့ဇတ်ကားကောင်းလေးတစ်ကားပါလို့ပြောကြားရင်း ..... KoWaiPhyolin.blogspot.com Movie download ✪ kwp marshmello (movie upload ) ✪ ✪ credit to the original ✪