Shrek လို့ဆိုလိုက်တာနဲ့ ရဲရင့်တဲ့ ပေါတောတော ဘီလူးစိမ်းကြီးကို ပြေးမြင်မိကြမယ်ထင်ပါရဲ့။ ဟုတ်ပါတယ်။
Dreamworks Animation ရဲ့ ရေပန်းအစားဆုံး ကာတွန်းစီးရီးထဲမှာ Shrek က Kung Fu Panda ထက် တစ်ကားပိုပြီး နှာတစ်ဖျားသာနေပါတယ်။
Shrek ကားရဲ့ ပေါက်ချက်ကြောင့် သူ့ရဲ့ spin-off ဖြစ်တဲ့ Puss in Boots ဟာလည်း 2011 မှာ ၀င်ငွေသဲ့ယူခဲ့ပြန်ပါသေးတယ်။
Shrek အောင်မြင်တာနဲ့အမျှ သူနဲ့ ပတ်သက်တဲ့ ပစ္စည်းအသုံးအဆောင်ကလေးတွေကို ကလေးတွေက အရူးအမူး ၀ယ်ယူခဲ့လို့ commercial ဖက်မှာလည်း အတော်ကြီး မြိုးမြိုးမြက်မြက် ရသလို Universal Studios ကြီးက ကလေးကစားကွင်းတွေမှာပါ ရဲတိုက်တွေ မိုးပျံရထားတွေနဲ့ ထည့်သွင်းတည်ဆောက်ကြပြန်ပါတယ်။
သည်လို အောင်မြင်တဲ့ Shrek ရဲ့ ဇာတ်ကြောင်းက ရိုးရိုးကလေးနဲ့ ဆန်းပြားစွာ ဆွဲဆောင်နိုင်ပါတယ်။ ပုံပြင်ကလေးက…။
ဟိုးရှေးရှေးတုန်းက ကျိန်စာသင့်နေတဲ့ မင်းသမီးလေးတစ်ပါး ရှိသတဲ့။ အဲဒီကျိန်စာကတော့ မင်းသမီးကလေးဟာ ညဖက်ကျရင် ဘီလူးမအဖြစ် ပြောင်းလဲသွားတတ်သတဲ့။
သည်ကျိန်စာဟာ အချစ်စစ်နဲ့ နမ်းမှသာ ပျက်ပြယ်မှာတဲ့။
ဘုရင်ကြီးနဲ့ မိဖုရားကြီးက ရှက်လို့ ဖုံးဖိထားကြသလို သည်ကျိန်စာကနေ လွတ်မြောက်ချင်တဲ့ မင်းသမီးကလေးဟာလည်း သူမကို ကယ်တင်နိုင်မယ့်သူကို တိတ်တိတ်ကလေးပဲ ကျိတ်ပြီး မျှော်လင့်နေမိရှာတာပေါ့။
အဲဒီတိုင်းပြည်မှာပဲ Shrek ဆိုတဲ့ ခပ်တုံးတုံး ဘီလူးကြီးတစ်ကောင်ဟာ Donkey ဆိုတဲ့ စကားပြောတတ်တဲ့ မြည်းတစ်ကောင်နဲ့ မိတ်ဆွေတွေ ဖြစ်နေကြတယ်။
Lord Farquaad လို့ အမည်ရတဲ့ လူကြီးတစ်ဦးဟာ ဘုရင်ဖြစ်ချင်လို့ မင်းသမီးလေးကို သိမ်းပိုက်မယ် ကြံတဲ့အခါ ဘီလူးကြီးနဲ့ မြည်းကလေးတို့ဟာ မင်းသမီးလေးကို ကယ်တင်ဖို့ အကြောင်းဖန်လာတော့သတဲ့ကွယ်။
ဒါဟာ Shrek ရုပ်ရှင်ရဲ့ အစဦးပိုင်း ဇာတ်လမ်းတည်ဆောက်ပုံ ဖြစ်ပြီး sequel တွေ ထွက်လာတာနဲ့ ဇာတ်အိမ်ကို ပိုမိုတိုးချဲ့ကာ စွန့်စားခန်းတွေ အပြွတ်အသိပ်နဲ့မို့ ချစ်ပရိတ်သတ်ကြီးကို အဆက်မပြတ်ရလေအောင် Gold Channel မှ အစအဆုံး တင်ဆက်ပေးလိုက်ပါတယ်နော်။
Kowaiphyolin.blogspot.com
Comments
Post a Comment