Skip to main content

One.Week.Friend 2017

ဒီကားလေးအကြောင်းမပြောခင် ဒီကားထဲကမင်းသားအကြောင်းအရင်ပြောပါရစေ။ ဒီကားထဲကမင်းသား Yamazaki Kento ဟာ လက်ရှိ ဂျပန်သရုပ်ဆောင် Top 10 မှာ နံပတ်တစ်ဖြစ်ပြီး သူ့ကို Prince of Live action လို့လဲ ခေါ်ကြပါတယ် ဘာလို့လဲဆိုတော့ ဂျပန် Anime တော်တော်များများကို သူပဲ ပြန်ရိုက်ရတာများလို့ပါ။ သူနာမည်ကြီးခဲ့တဲ့ကားတွေကတော့ Your Lie in April တို့ Wolf Girl and Black Prine တို့ ပါ။ ကဲအခု ဇာတ်ကားအကြောင်းပြောရအောင်။
ဒီ One Week Friends ဇာတ်ကားဟာ Live Action မထွက်ခင် Animeမှာ ကတည်းက ပရိသတ်အားပေးမှု အပြည့်အ၀ရရှိထားပြီး အားလုံးကြိုက်နှစ်သက်ခဲ့ကြပါတယ်။ Live Action ထွက်တော့ ကျွန်တော် တွေးမိသေးတယ် Animeကို မှီပါ့မလားလို့ဆိုပြီး ကန်တို ကို ယုံကြည်ပေမယ့် Animeတော်တော်များများကို Live Action ထွက်ရင် Animeကိုမမှီပဲ ဆားမပါတဲ့ဟင်းလို ပေါ့ပျက်ပျက်ကားတွေက တလှေကြီးမို့ပါ။ ဒါပေမယ့် ကျွန်တော့်အထင် တက်တက်စင် လွဲသွားပါတယ်။ ဒီ Live Action လေးက အတော်လေးကို ကောင်းလွန်းတဲ့အပြင် ဇာတ်ကားတိုင်းလိုလို အချေဇာတ်ရုပ်နဲ့ သရုပ်ဆောင်တဲ့ ကန်တို တောင် ဒီကားထဲမှာ ဟိုလူ့တောင်းပန် ဒီလူ့တောင်းပန် နဲ့ ဇာတ်နာပြထားပါ။ ဇာတ်အိမ်တည်ဆောက်ထားပုံလေးက လုံးဝပေါ့ပါးပြီး ပရိသတ်ရဲ့ ခံစားချက်ကို လှလှကြီး ကစားပြသွားတယ်လို့ ပြောလို့ရအောင် ကောင်းလွန်းပါတယ်။ ကြည်နူးမှုတွေ ပျော်ရွှင်မှုတွေ နဲ့ ၀မ်းနည်းဖွယ်တွေကို သူ့နေရာသူနဲ့သူ နေရာတကျစီပြသွားတာကိုက တကယ်အနှစ်ပါလွန်းပါတယ်။ ဒီလောက်ဆို ဇာတ်ကားအကြောင်း ညွှန်းတာတော်သင့်ပြီထင်ပါတယ် ။ ဇာတ်လမ်းပုံစံလေးကတော့ တိုတိုလေးပဲပြောပါတော့မယ် ဇာတ်ကားနာမည်အတိုင်းပါပဲ တစ်ပတ်တစ်ခါ အတိတ်မေ့သွားလေ့ရှိတဲ့ ကောင်မလေးနဲ့ အဲ့ဒီကောင်မလေးကို အသေအလဲ ခွက်ရှ်နေတဲ့ ကောင်လေးတစ်ယောက်ရဲ့ အကြောင်းလေးပါပဲ။ ဒီထက် ပိုတဲ့ ဇာတ်ကွက်တွေပါပေမယ့် ဒီလောက်လေးပဲပြောပါရစေ
Kowaiphyolin.blogspot.com

 Movie download link



Comments

Popular posts from this blog

Bakuman Live-action (မြန်မာစာတန်းထိုးဇာတ်ကား)

 ကျွန်တော်တို့ နှစ်သက်တဲ့ ဂျပန်မန်ဂရုပ်ပြတွေ စာမျက်နှာပေါ်ရောက်လာပုံရဲ့ နောက်ကွယ်က ဖြစ်ရပ်မှန်တွေကို ရှုစားရမယ့် Manga ဆွဲတဲ့သူတွေအကြောင်း ရုပ်ရှင်ဇာတ်ကားလေးတစ်ကား ဖြစ်ပါတယ်။ Bakuman ဇာတ်ကားဟာ Ohba Tsugumi နဲ့ Obata Takeshi တို့ရေးဆွဲတဲ့ နာမည်ကျော် မန်ဂဇာတ်လမ်းတွဲကို ပြန်လည်ရိုက်ကူးထားတာဖြစ်ပြီး၊ သူတို့နှစ်ယောက်ဟာ မြန်မာပရိသတ်များအသည်းကျော် Death Note ဇာတ်လမ်းတွဲရဲ့ ဖန်တီးရှင်တွေလည်း ဖြစ်ပါတယ်။ ဒီဇာတ်လမ်းရဲ့ အဓိက Theme ကတော့ ဂျပန်နိုင်ငံ နံပါတ်တစ် မန်ဂမဂ္ဂဇင်း Weekly Shonen JUMP မှာ Manga ရေးဆွဲခွင့်ရဖို့ ကြိုးစားတဲ့ လူငယ်နှစ်ယောက်အကြောင်း အဓိကဇာတ်လမ်းဆင်ထားပါတယ်။အဓိကဇာတ်ကောင်နှစ်ယောက်ဖြစ်တဲ့ Mashiro Moritaka နဲ့ Takagi Akito တို့အဖြစ် Satoh Takeru နဲ့ Kamiki Ryunosuke တို့ပါဝင်ထားပါတယ်။ လက်ရှိဂျပန်မှာ လျှမ်းလျှမ်းတောက်လူငယ်သရုပ်ဆောင်တွေဖြစ်တဲ့ သူတို့နှစ်ယောက်ထဲမှာမှ Satoh Takeru ကိုတော့ ဒီကပရိသတ်များ Kenshin အဖြစ် အထူးလူသိများကြမှာ ဖြစ်ပါတယ်။ Kamiki Ryunosuke ကိုယ်တိုင်လည်း Ruroni Kenshin နောက်ဆက်တွဲဇာတ်ကားနှစ်ကားမှာ Kenshin ရဲ့ အဓိကဓားရေးပြိုင်ဘက်ရန်သူ Soujiro အဖြစ် ပါဝင်ထားပါသေ...

The Hitman’s Bodyguard 2017 မြန်မာစာတန်းထိုး

2017 ရဲ့ အကောင်းဆုံး Action Comedy တွေထဲက တစ်ခုပါ။ သြဂုတ် ၁၈ ကမှ ရုံတင်တာဖြစ်ပြီး IMDb 7.2 နဲ့ Box Office မှာ ထိပ်ဆုံးရောက်နေပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ ဘီလာရု သမ္မတဟောင်း ဗလာဒီဆလက် ဒူကိုဗစ်ခ်ျကို နိုင်ငံတကာရာဇ၀တ်မှုတရားရုံးက တရားစွဲထားချိန်မှာ သူ့ကို အပြစ်ရှိကြောင်း သက်သေထွက်ဆိုမယ့်သူ မရှိပါဘူး။ ဒူကိုဗစ်ခ်ျရဲ့လူတွေက သက်သေမှန်သမျှကို လိုက်ပြီး နှုတ်ပိတ်နေလို့ပါ။ ၀ါရင့်ကြေးစားလူသတ်သမားကြီး ဒဲရီးယပ် ကင်ကိတ်ကတော့ နောက်ဆုံးမှာ အပေးအယူလုပ်ပြီး သက်သေထွက်ဖို့ သဘောတူလိုက်ပါတော့တယ်။ အဲဒီအတွက် သူ့ကိုကာကွယ်ပေးဖို့ အေသုံးလုံးအဆင့် အထူးသက်တော်စောင့် မိုက်ကယ် ဘရိုက်စ်ကို အကူအညီတောင်းရတဲ့အခါမှာ လူသတ်သမားနဲ့သက်တော်စောင့် ရန်သူဟောင်းကြီး နှစ်ယောက် အတူလက်တွဲရပါတော့တယ်။ သူတို့အတိတ်မှာ ပြဿနာခဏဏတက်ထားတာမို့ လုံးဝမတည့်ဘဲ ရန်တစောင်စောင်နဲ့ ထောင်ကနေ တရားရုံးခရီးကို ဒူကိုဗစ်ခ်ျရဲ့ လူသတ်သမားများစွာကို ဖြတ်ကျော်ပြီး အရောက်သွားရတဲ့အခါ…… သက်တော်စောင့်ဘရိုက်စ်ဟာ အရာရာကို တွက်ဆပြီး ပြင်ဆင်လုပ်တတ်သူ၊ ကင်ကိတ်ကတော့ တုံးတိုက်တိုက် ကျားကိုက်ကိုက်နည်းလမ်းက ပိုကောင်းတယ်ယူဆသူ၊ သူတို့ နှစ်ယောက်ရဲ့ အလွဲတွေ ဟာသတွေနဲ့ အက်ရှင်ခပ်ြ...

Your Name (2016)မြန်မာ စာတန်းထိုး

 ဒီကာတွန်းကားလေးကတော့ဂျပန်နိင်ငံမှာဝင်ငွေစံချိန် ချိုးခဲ့တဲ့ဇတ်ကားကောင်းလေးတစ်ကားပါ ပရိတ်သတ် တွေရဲ့အားပေးမှုနဲ့အတူဝင်ငွေဒလဟောရခဲ့တဲ့ကားဆိုလည်းမမှားပါဘူးဇတ်ကားထဲမှာပါဝင်တဲ့သီချင်းလေး တွေကအစဂျပန်နိင်ငံမှာယခုလက်ရှိနာမည်ကြီးသီချင်း တွေအဖြစ်ရပ်တည်နေဆဲပါဒီဇတ်ကားကိုဘလူးရေးက တော့အတော်လေးစောင့်လိုက်ရပါတယ်ထွက်ထွက်ချင်းပဲcm ပရိတ်သတ်တွေကိုကြည့်စေချင်တဲ့စေတနာ ကြောင့်တင်ဆက်ပေးလိုက်ရပါတယ်နှစ်ပေါင်း၁၂၀၀မှာတစ်ကြိမ်သာကမ္ဘာမြေပေါ်ဖြတ်သန်းတဲ့ကြယ်တံခွန် လေးနဲ့အတူလူသားနစ်ဦးရဲ့ဘဝဘယ်လိုပြောင်းလဲသွားမယ်ဆိုတာကိုစိတ်ဝင်တစားကြည့်ရမှာပါထူးဆန်းမှုတွေအချစ်ဇတ်လမ်းတွေနဲ့ဇတ်ကားစလယ်ဆုံးပရိတ်သတ် တွေကိုဆွဲဆောင်သွားမှာပါအကောင်းဆုံးကွာလတီနဲ့မို့သိမ်းထားသင့်တဲ့ဇတ်ကားကောင်းလေးတစ်ကားပါလို့ပြောကြားရင်း ..... KoWaiPhyolin.blogspot.com Movie download ✪ kwp marshmello (movie upload ) ✪ ✪ credit to the original ✪