Skip to main content

Rampage (2018)မြန်မာစာတန်းထိုး


အမေရိကန် အထူးတပ်ဖွဲ့ ဝင်ဟောင်းတစ်ဦးဖြစ်တဲ့ ဒေးဗစ်အိုကွေဟာ ဆန်ဒီရေးဂိုးတောရိုင်း တိရစ္ဆာန် ကာကွယ်စောင့်ရှောက် ရေးဌာနက ဂေါ်ရီလာမျောက်ဝံ တွေနဲ့ပတ်သက်ပြီး သုတေသန ပြုနေတဲ့ နာမည်ကြီး ပညာရှင် တစ်ယောက်ပါ။

မုဆိုးတွေလက်ကနေ ကယ် ဆယ်လာခဲ့တဲ့ ဂျော့ခ်ျဆိုတဲ့ ဂေါ်ရီ လာမျောက်ဝံဖြူကြီးဟာ သာမန် မျောက်ဝံတွေနဲ့မတူဘဲ ထူးခြားတဲ့ အသိဉာဏ်ဖွံ့ဖြိုးမှုမျိုးရှိနေတယ်ဆိုတာ ဒေးဗစ်က သတိထားမိပြီး ဂျော့ခ်ျနဲ့လည်း ရင်းနှီးခဲ့ပါတယ်။

တစ်ရက်မှာတော့ ဂျော့ခ်ျ နေတဲ့နေရာကို ထူးဆန်းတဲ့ ပစ္စည်းတစ်ခုကျလာပြီး အဲဒါကို ဂျော့ခ်ျ က ထိလိုက်တဲ့အခါမှာတော့ ည တွင်းချင်းမှာကို ဂျော့ခ်ျစိတ်ရိုင်း ဝင်ကာ ခန္ဓာကိုယ်အရွယ်အစား ကလည်း အကြီးကြီးဖြစ်သွားခဲ့ပါ တယ်။

အဲဒီနောက်မှာတော့ ဒေးဗစ် ကို မျိုးရိုးဗီဇဆိုင်ရာ ပညာရှင် ဒေါက်တာကိတ်ကဲလ်ဝဲက ဆက် သွယ်ပြီး ဂျော့ခ်ျ အခုလိုဖြစ်သွား တာဟာ Energyne ကုမ္ပဏီက စမ်းသပ်ထားတဲ့ သန္ဓေပြောင်း ပစ္စည်းကြောင့်လို့ပြောပါတယ်။

ဒေါက်တာကိတ်ကိုလည်း Energyne ကုမ္ပဏီက အလုပ် ထုတ်ပစ်ခဲ့သလို ကုမ္ပဏီနဲ့ စမ်း သပ်မှုတွေကို ထုတ်ပြောလို့ဆိုပြီး ထောင်ချပစ်ဖို့အထိပါ လုပ်ခဲ့ပါ တယ်။

ဂျော့ခ်ျကို အေးဂျင့်ဟာဗေး ရက်ဆဲလ်ဦးဆောင်တဲ့ အစိုးရ အဖွဲ့အစည်းက လေယာဉ်နဲ့ ဖမ်း ဆီးခေါ်ဆောင်သွားပေမယ့် လေယာဉ်ကို ဖျက်ဆီးပြီး ဂျော့ခ်ျလွတ် မြောက်သွားသလို ရက်ဖ်ဆိုတဲ့ သန္ဓေပြောင်း ဝံပုလွေကြီးက လည်း သူ့ကိုလိုက်ဖမ်းတဲ့အဖွဲ့ကို အပြတ်ရှင်းပစ်ခဲ့ပါတယ်။

အဲဒီနောက် ဂျော့ခ်ျနဲ့ ရက်ဖ် တို့ ပေါင်းမိပြီး ချီကာဂိုမြို့တော် ကို ဝင်ရောက်ဖျက်ဆီး တိုက်ခိုက် ခဲ့ပါတော့တယ်။ ပြဿနာက အဲဒီ မှာတင် မပြီးသေးပါဘူး။ ကုန်းပေါ်မှာ ဂျော့ခ်ျနဲ့ ရက်ဖ်တို့ တိုက် ခိုက်ဖျက်ဆီးနေသလို လစ်ဇီဆို တဲ့ သန္ဓေပြောင်း မိကျောင်းကြီး ရန်ကလည်း ထပ်ပေါ်လာပါတော့ တယ်။

ဒေးဗစ်နဲ့ ဒေါက်တာကိတ် ဟာ စိတ်ရိုင်းဝင်ပြီး တွေ့သမျှ အန္တရာယ်ပြုနေတဲ့ သန္ဓေပြောင်း သတ္တဝါတွေကို ပုံမှန်အခြေအနေ ပြန်ဖြစ်အောင် လုပ်နိုင်မယ်လို့ ယုံကြည်ထားကာ ထိန်းချုပ်နိုင်ဖို့ အသည်းအသန် ကြိုးပမ်းခဲ့ကြပါ တယ်။

သန္ဓေပြောင်း သတ္တ၀ါတွေ က ဘယ်လိုတွေ ဒုက္ခပေးမှာလဲ၊ ဒေးဗစ်တို့ ယုံကြည်ထားသလို ဂျော့ခ်ျကို မူလအနေအထားဖြစ် အောင် ပြန်လုပ်နိုင်ပါ့မလားဆို တာကို အမိုက်စား အထူးပြုလုပ် ချက်တွေ၊ အက်ရှင်ပြကွက်တွေနဲ့ ရိုက်ကူးထားတာမို့ ပရိသတ်တွေ သဘောကျမှာပါ။

ပရိသတ်အချစ်တော် အက် ရှင်မင်းသားကြီး ဒ၀ိန်းဂျွန်ဆင်က အဓိက သရုပ်ဆောင်ထားတာဖြစ် ပြီး နာအိုမီဟားရစ္စ၊ မာလင်အ ကာမန်၊ ဂျက်ဖရီးဒင်းန်မော်ဂန်၊ ဂျိတ်ခ်လေစီ၊ ဂျိုးမန်ဂါနီလို စတဲ့သူစတဲ့သူတွေပါဝင်ထားပါတယ်။

Kowaiphyolin.blogspot.com







Comments

Popular posts from this blog

Bakuman Live-action (မြန်မာစာတန်းထိုးဇာတ်ကား)

 ကျွန်တော်တို့ နှစ်သက်တဲ့ ဂျပန်မန်ဂရုပ်ပြတွေ စာမျက်နှာပေါ်ရောက်လာပုံရဲ့ နောက်ကွယ်က ဖြစ်ရပ်မှန်တွေကို ရှုစားရမယ့် Manga ဆွဲတဲ့သူတွေအကြောင်း ရုပ်ရှင်ဇာတ်ကားလေးတစ်ကား ဖြစ်ပါတယ်။ Bakuman ဇာတ်ကားဟာ Ohba Tsugumi နဲ့ Obata Takeshi တို့ရေးဆွဲတဲ့ နာမည်ကျော် မန်ဂဇာတ်လမ်းတွဲကို ပြန်လည်ရိုက်ကူးထားတာဖြစ်ပြီး၊ သူတို့နှစ်ယောက်ဟာ မြန်မာပရိသတ်များအသည်းကျော် Death Note ဇာတ်လမ်းတွဲရဲ့ ဖန်တီးရှင်တွေလည်း ဖြစ်ပါတယ်။ ဒီဇာတ်လမ်းရဲ့ အဓိက Theme ကတော့ ဂျပန်နိုင်ငံ နံပါတ်တစ် မန်ဂမဂ္ဂဇင်း Weekly Shonen JUMP မှာ Manga ရေးဆွဲခွင့်ရဖို့ ကြိုးစားတဲ့ လူငယ်နှစ်ယောက်အကြောင်း အဓိကဇာတ်လမ်းဆင်ထားပါတယ်။အဓိကဇာတ်ကောင်နှစ်ယောက်ဖြစ်တဲ့ Mashiro Moritaka နဲ့ Takagi Akito တို့အဖြစ် Satoh Takeru နဲ့ Kamiki Ryunosuke တို့ပါဝင်ထားပါတယ်။ လက်ရှိဂျပန်မှာ လျှမ်းလျှမ်းတောက်လူငယ်သရုပ်ဆောင်တွေဖြစ်တဲ့ သူတို့နှစ်ယောက်ထဲမှာမှ Satoh Takeru ကိုတော့ ဒီကပရိသတ်များ Kenshin အဖြစ် အထူးလူသိများကြမှာ ဖြစ်ပါတယ်။ Kamiki Ryunosuke ကိုယ်တိုင်လည်း Ruroni Kenshin နောက်ဆက်တွဲဇာတ်ကားနှစ်ကားမှာ Kenshin ရဲ့ အဓိကဓားရေးပြိုင်ဘက်ရန်သူ Soujiro အဖြစ် ပါဝင်ထားပါသေ...

A Prayer Before Dawn (2017) မြန်​မာစာတန်းထိုး

ဒီဇာတ်ကားကတော့ တစ်ကယ့်အဖြစ်မှန်ကို ပြန်ရိုက်ထားတဲ့ ဇာတ်ကားတစ်ကားပါ ထိုင်းနိုင်ငံရဲ့ထောင်တွေထဲမှာရိုက်ကူးထားတာဖြစ်ပါတယ်။ ထိုင်းထောင်ထဲက အကျဉ်းသားတွေရဲ့ဘ၀ ကို သနားစဖွယ်တွေ့မြင်ရမှာပါ။ ဘီလီမိုးဟာဆေးစွဲနေတဲ့ နိုင်ငံခြားသားတစ်ယောက်ပါ ရာမ လို့ခေါ်ကြတဲ့ စိတ်ကြွရူးသွပ်ဆေးပြားကိုအကြီးအကျယ်စွဲလန်းနေတဲ့ လက်ဝှေ့သမားတစ်ယောက်ပါ တစ်ရက် ရဲဝင်ဖမ်းရာကနေ ဘီလီမိုးတစ်ယောက် ထိုင်းအကျဉ်းထောင်ထဲကို ရောက်သွားပါတော့တယ်။ အဲ့က်နေစလို့ ထိုင်းစကားတောင်ရေလည်မတက်တဲ့ ဆေးသမား နိုင်ငံခြားသားတစ်ယောက် ထိုင်းထောင်ထဲမှာ ဒုက္ခ အကြီးကျယ်ရောက်ပါတော့တယ်။ ဆေးသုံးချင်စိတ်ကတစ်မျိုး ထိုင်းလူမိုက်တွေကတစ်မျိုးနဲ့ပေါ့။ တစ်ရက် ဘီလီတစ်ယောက် လက်ဝှေ့လေ့ကျင့်ရေးမှာ ၀င်လေ့ကျင့်ခွင့်ရသွားရာကနေ ထိုင်းရိုးရာမွေထိုင်း လက်ဝှေ့ကိုသင်ယူနိုင်ခဲ့ပါတယ်။ ထောင်ထဲက လက်ဝှေ့ပွဲမှာ အနိုင်ယူနိုင်ခဲ့ရာမှ အကြီးကဲတွေရဲ့သဘောကျတာကိုခံရပြီး နိုင်ငံအဆင့်ပွဲပါဝင်ပြိုင်ခွင့်ရခဲ့ပါတယ်။ ဒါပေမဲ့ ဆေးအလွန်အကျွံသုံးခဲ့တာကြောင့် အစာအိမ်ဒဏ်ရာဖြစ်လာတဲ့အခါ ဘယ်လိုတွေဆက်ဖြစ်မလဲဆိုတာကို စိတ်ဝင်စားဖွယ်ကြည့်၇မှာပါ။ ##တစ်ခုပြောရမှာက ဒီကားရဲ့English စာတန်းထိုးဖိ...

Your Name (2016)မြန်မာ စာတန်းထိုး

 ဒီကာတွန်းကားလေးကတော့ဂျပန်နိင်ငံမှာဝင်ငွေစံချိန် ချိုးခဲ့တဲ့ဇတ်ကားကောင်းလေးတစ်ကားပါ ပရိတ်သတ် တွေရဲ့အားပေးမှုနဲ့အတူဝင်ငွေဒလဟောရခဲ့တဲ့ကားဆိုလည်းမမှားပါဘူးဇတ်ကားထဲမှာပါဝင်တဲ့သီချင်းလေး တွေကအစဂျပန်နိင်ငံမှာယခုလက်ရှိနာမည်ကြီးသီချင်း တွေအဖြစ်ရပ်တည်နေဆဲပါဒီဇတ်ကားကိုဘလူးရေးက တော့အတော်လေးစောင့်လိုက်ရပါတယ်ထွက်ထွက်ချင်းပဲcm ပရိတ်သတ်တွေကိုကြည့်စေချင်တဲ့စေတနာ ကြောင့်တင်ဆက်ပေးလိုက်ရပါတယ်နှစ်ပေါင်း၁၂၀၀မှာတစ်ကြိမ်သာကမ္ဘာမြေပေါ်ဖြတ်သန်းတဲ့ကြယ်တံခွန် လေးနဲ့အတူလူသားနစ်ဦးရဲ့ဘဝဘယ်လိုပြောင်းလဲသွားမယ်ဆိုတာကိုစိတ်ဝင်တစားကြည့်ရမှာပါထူးဆန်းမှုတွေအချစ်ဇတ်လမ်းတွေနဲ့ဇတ်ကားစလယ်ဆုံးပရိတ်သတ် တွေကိုဆွဲဆောင်သွားမှာပါအကောင်းဆုံးကွာလတီနဲ့မို့သိမ်းထားသင့်တဲ့ဇတ်ကားကောင်းလေးတစ်ကားပါလို့ပြောကြားရင်း ..... KoWaiPhyolin.blogspot.com Movie download ✪ kwp marshmello (movie upload ) ✪ ✪ credit to the original ✪