Skip to main content

Oversize Cops (2017) မြန်မာစာတန်းထိုး


အိုဗာဆိုဒ်လို့တွေ့တာနဲ့ မျက်လုံးထဲမှာ ၀၀ဖိုင့်ဖိုင့်ကိုယ်လုံး တွေပဲ ပြေးမြင်မိကြမှာဖြစ်သလို တကယ်လည်းပဲ ၀ဖိုင့်ပြီး ခန္ဓာ ကိုယ်ကို မနည်းလှုပ်ရှားသွားလာ နေရတဲ့ ရဲဝန်ထမ်းလေးယောက် အကြောင်း ရိုက်ကူးတင်ဆက် ထားတာဖြစ်ပါတယ်။ကန်နဲ့သူ့ သူငယ်ချင်းသုံး ယောက်က ၀လွန်းပြီး လှုပ်ရှားမှု နှေးကွေးလွန်းလို့ လုယက်သမား ကို မဖမ်းနိုင်ခဲ့တဲ့သတင်းဟာ သတင်းခေါင်းကြီးပိုင်းမှာပါလာ ပြီးနောက်မှာတော့ ထိုင်းရဲဌာနကို အရှက်ရစေခဲ့ပါတယ်။ အဲဒါနဲ့ ရဲ ဌာနချုပ်အကြီးအကဲက ထိုင်းရဲ တွေအကုန်လုံး ဗိုက်မပူရဘူးဆို တဲ့အမိန့် ထုတ်လိုက်ပြီး သတ် မှတ်ကိုယ်အလေးချိန်အတိုင်းရှိ နေစေဖို့ လုပ်ခိုင်းပါတော့တယ်။ သူတို့တွေအကုန်လုံးကို ကိုယ်အ လေးချိန်တွင် ပြန်ချိန်၊ ဆေးတွေ စစ်ခိုင်းပြီး သုံးလအတွင်း ပေါင် ချိန်လျော့အောင်လုပ်ရမယ်လို့ အမိန့်ပေးခဲ့ပြီး လေ့ကျင့်ခန်းယူစေ ခဲ့ပါတယ်။အားနေရင် လေးယောက် သား အတူစားလိုက်သောက် လိုက်လုပ်နေကြတဲ့ ကန်တို့ လေး ယောက်အဖို့ ကိုယ်အလေးချိန် လျှော့ခိုင်းတဲ့အမိန့်ဟာ ငရဲအ လားပါပဲ။ အဲဒါနဲ့ အပြေးလေ့ကျင့် ခန်းတွေယူရ၊ အစားအသောက် ကိုလည်း အတိုင်းအဆနဲ့ စားရလို့ စိတ်ဒုက္ခရောက်နေချိန်မှာ ၀မ်း သာ ပျော်ရွှင်စရာ အခြေအနေ လေးပေးလာပြန်ပါတယ်။ အဲဒါ ကတော့ ဇွန်ဘာ အကဆရာမ ချောချောလေး မီးန်ဆီမှာ သင် တန်းတက်ရလို့ပဲဖြစ်ပါတယ်။
ဒီလိုနဲ့ဝိတ်ကျဖို့ အရေးကြိုး ပမ်းနေတုန်းမှာပဲ အရင်တစ်ခါ လွတ်သွားတဲ့ လုယက်မှုတရားခံ ပြေးကို ဖမ်းဆီးဖို့ဖြစ်လာတဲ့အခါ မှာ ကန်တို့ရဲ့ အဖွဲ့ခေါင်းဆောင် ကပ္ပတိန်ချက်နဲ့အတူ လိုက်ဖမ်း ပြန်ပါတယ်။ ၀၀ဖိုင့်ဖိုင့်ကိုယ်လုံး တွေနဲ့ အတိုက်အခိုက်ဇာတ်ဝင် ခန်းတွေ၊ လေ့ကျင့်ခန်းယူချိန်ကြုံ ရတဲ့အခက်အခဲတွေ၊ အလွဲလေး တွေကိုကြည့်ပြီး ရယ်မောရမှာမို့ ပရိသတ်တွေ သဘောကျမယ်လို့ ထင်ပါတယ်။ကိုယ်အလေးချိန်မကျသေး တဲ့ ကန်တို့အဖွဲ့ ဒီတစ်ခါကော ရဲ ဌာနချုပ်ဂုဏ်သိက္ခာကို ပြန်ဆယ် နိုင်ပါ့မလား၊ ဖက်တီးရဲလေး ယောက်က ဘယ်လိုပုံစံနဲ့ လူဆိုး ဖမ်းကြမှာလဲဆိုတာ မှန်းကြည့်ရုံ နဲ့တင် ရယ်ချင်စရာပါ။ ဖက်တီး ရဲလေးယောက် တကယ်ပဲ သရုပ် ဆောင်ကောင်းလားဆိုတာတော့ ကိုယ်တိုင်အကဲအဖြတ်ကြည့်စို့ လားနော်။       ။



Kowaiphyolin.blogspot.com 


Comments

Popular posts from this blog

Bakuman Live-action (မြန်မာစာတန်းထိုးဇာတ်ကား)

 ကျွန်တော်တို့ နှစ်သက်တဲ့ ဂျပန်မန်ဂရုပ်ပြတွေ စာမျက်နှာပေါ်ရောက်လာပုံရဲ့ နောက်ကွယ်က ဖြစ်ရပ်မှန်တွေကို ရှုစားရမယ့် Manga ဆွဲတဲ့သူတွေအကြောင်း ရုပ်ရှင်ဇာတ်ကားလေးတစ်ကား ဖြစ်ပါတယ်။ Bakuman ဇာတ်ကားဟာ Ohba Tsugumi နဲ့ Obata Takeshi တို့ရေးဆွဲတဲ့ နာမည်ကျော် မန်ဂဇာတ်လမ်းတွဲကို ပြန်လည်ရိုက်ကူးထားတာဖြစ်ပြီး၊ သူတို့နှစ်ယောက်ဟာ မြန်မာပရိသတ်များအသည်းကျော် Death Note ဇာတ်လမ်းတွဲရဲ့ ဖန်တီးရှင်တွေလည်း ဖြစ်ပါတယ်။ ဒီဇာတ်လမ်းရဲ့ အဓိက Theme ကတော့ ဂျပန်နိုင်ငံ နံပါတ်တစ် မန်ဂမဂ္ဂဇင်း Weekly Shonen JUMP မှာ Manga ရေးဆွဲခွင့်ရဖို့ ကြိုးစားတဲ့ လူငယ်နှစ်ယောက်အကြောင်း အဓိကဇာတ်လမ်းဆင်ထားပါတယ်။အဓိကဇာတ်ကောင်နှစ်ယောက်ဖြစ်တဲ့ Mashiro Moritaka နဲ့ Takagi Akito တို့အဖြစ် Satoh Takeru နဲ့ Kamiki Ryunosuke တို့ပါဝင်ထားပါတယ်။ လက်ရှိဂျပန်မှာ လျှမ်းလျှမ်းတောက်လူငယ်သရုပ်ဆောင်တွေဖြစ်တဲ့ သူတို့နှစ်ယောက်ထဲမှာမှ Satoh Takeru ကိုတော့ ဒီကပရိသတ်များ Kenshin အဖြစ် အထူးလူသိများကြမှာ ဖြစ်ပါတယ်။ Kamiki Ryunosuke ကိုယ်တိုင်လည်း Ruroni Kenshin နောက်ဆက်တွဲဇာတ်ကားနှစ်ကားမှာ Kenshin ရဲ့ အဓိကဓားရေးပြိုင်ဘက်ရန်သူ Soujiro အဖြစ် ပါဝင်ထားပါသေ...

A Prayer Before Dawn (2017) မြန်​မာစာတန်းထိုး

ဒီဇာတ်ကားကတော့ တစ်ကယ့်အဖြစ်မှန်ကို ပြန်ရိုက်ထားတဲ့ ဇာတ်ကားတစ်ကားပါ ထိုင်းနိုင်ငံရဲ့ထောင်တွေထဲမှာရိုက်ကူးထားတာဖြစ်ပါတယ်။ ထိုင်းထောင်ထဲက အကျဉ်းသားတွေရဲ့ဘ၀ ကို သနားစဖွယ်တွေ့မြင်ရမှာပါ။ ဘီလီမိုးဟာဆေးစွဲနေတဲ့ နိုင်ငံခြားသားတစ်ယောက်ပါ ရာမ လို့ခေါ်ကြတဲ့ စိတ်ကြွရူးသွပ်ဆေးပြားကိုအကြီးအကျယ်စွဲလန်းနေတဲ့ လက်ဝှေ့သမားတစ်ယောက်ပါ တစ်ရက် ရဲဝင်ဖမ်းရာကနေ ဘီလီမိုးတစ်ယောက် ထိုင်းအကျဉ်းထောင်ထဲကို ရောက်သွားပါတော့တယ်။ အဲ့က်နေစလို့ ထိုင်းစကားတောင်ရေလည်မတက်တဲ့ ဆေးသမား နိုင်ငံခြားသားတစ်ယောက် ထိုင်းထောင်ထဲမှာ ဒုက္ခ အကြီးကျယ်ရောက်ပါတော့တယ်။ ဆေးသုံးချင်စိတ်ကတစ်မျိုး ထိုင်းလူမိုက်တွေကတစ်မျိုးနဲ့ပေါ့။ တစ်ရက် ဘီလီတစ်ယောက် လက်ဝှေ့လေ့ကျင့်ရေးမှာ ၀င်လေ့ကျင့်ခွင့်ရသွားရာကနေ ထိုင်းရိုးရာမွေထိုင်း လက်ဝှေ့ကိုသင်ယူနိုင်ခဲ့ပါတယ်။ ထောင်ထဲက လက်ဝှေ့ပွဲမှာ အနိုင်ယူနိုင်ခဲ့ရာမှ အကြီးကဲတွေရဲ့သဘောကျတာကိုခံရပြီး နိုင်ငံအဆင့်ပွဲပါဝင်ပြိုင်ခွင့်ရခဲ့ပါတယ်။ ဒါပေမဲ့ ဆေးအလွန်အကျွံသုံးခဲ့တာကြောင့် အစာအိမ်ဒဏ်ရာဖြစ်လာတဲ့အခါ ဘယ်လိုတွေဆက်ဖြစ်မလဲဆိုတာကို စိတ်ဝင်စားဖွယ်ကြည့်၇မှာပါ။ ##တစ်ခုပြောရမှာက ဒီကားရဲ့English စာတန်းထိုးဖိ...

Your Name (2016)မြန်မာ စာတန်းထိုး

 ဒီကာတွန်းကားလေးကတော့ဂျပန်နိင်ငံမှာဝင်ငွေစံချိန် ချိုးခဲ့တဲ့ဇတ်ကားကောင်းလေးတစ်ကားပါ ပရိတ်သတ် တွေရဲ့အားပေးမှုနဲ့အတူဝင်ငွေဒလဟောရခဲ့တဲ့ကားဆိုလည်းမမှားပါဘူးဇတ်ကားထဲမှာပါဝင်တဲ့သီချင်းလေး တွေကအစဂျပန်နိင်ငံမှာယခုလက်ရှိနာမည်ကြီးသီချင်း တွေအဖြစ်ရပ်တည်နေဆဲပါဒီဇတ်ကားကိုဘလူးရေးက တော့အတော်လေးစောင့်လိုက်ရပါတယ်ထွက်ထွက်ချင်းပဲcm ပရိတ်သတ်တွေကိုကြည့်စေချင်တဲ့စေတနာ ကြောင့်တင်ဆက်ပေးလိုက်ရပါတယ်နှစ်ပေါင်း၁၂၀၀မှာတစ်ကြိမ်သာကမ္ဘာမြေပေါ်ဖြတ်သန်းတဲ့ကြယ်တံခွန် လေးနဲ့အတူလူသားနစ်ဦးရဲ့ဘဝဘယ်လိုပြောင်းလဲသွားမယ်ဆိုတာကိုစိတ်ဝင်တစားကြည့်ရမှာပါထူးဆန်းမှုတွေအချစ်ဇတ်လမ်းတွေနဲ့ဇတ်ကားစလယ်ဆုံးပရိတ်သတ် တွေကိုဆွဲဆောင်သွားမှာပါအကောင်းဆုံးကွာလတီနဲ့မို့သိမ်းထားသင့်တဲ့ဇတ်ကားကောင်းလေးတစ်ကားပါလို့ပြောကြားရင်း ..... KoWaiPhyolin.blogspot.com Movie download ✪ kwp marshmello (movie upload ) ✪ ✪ credit to the original ✪