Skip to main content

Namiya (2017)မြန်မာစာတမ်းထိုး


ဒီတစ်ခေါက်မိတ်ဆက်ပေးမယ့်ဇာတ်ကားကောင်းလေးကတော့ နာမည်ကြီးဂျပန်ဝတ္တုတပုဒ်ကိုအခြေခံထားပြီး ဂျပန်ဇာတ်ကားအနေနဲ့ ထွက်ရှိတုန်းကလဲ အောင်မြင်ခဲ့တဲ့ကားလေးဖြစ်ပါတယ်
ဒီတစ်ခေါက်တရုတ်ဗားရှင်းမှာတော့ မင်းသားကြီးဂျက်ကီချန်းက ဆိုင်ရှင်အနေနဲ့ ပါဝင်လာပြီး တက်သစ်စသရုပ်ဆောင်များကော ၀ါရင့်သရုပ်ဆောင်များတဲ့ပါ မြိုင်ဆိုင်ဆိုင်တင်ဆက်ထားတာဖြစ်ပါတယ် Box office ကတော့ ဂျက်ကီချန်းဟာဒီကားမှာလဲ အသက်ကြီးကြီး ဆိုင်ရှင်အဘိုးကြီး ဇာတ်ကောင်နဲ့ သူ့သရုပ်ဆောင်စွမ်းရည်ကိုပြသနိုင်ခဲ့တယ်လို့ ချီးကျူးခဲ့ပါတယ်

ဇာတ်လမ်းအကျဉ်းလေးကတော့
၁၉၉၃ ခုနှစ်တုန်းက နာမီယာစတိုးဆိုင်လို့လူတွေခေါ်ကြတဲ့ စတိုးဆိုင်လေးမှာ ဆိုင်ရှင်အဘိုးကြီးက စာရေးပြီးအကြံအဥာဏ်တောင်းတဲ့ ကိစ္စတိုင်းကို စာပြန်ပြီးအကြံအဥာဏ်ပြန်ပေးလေ့ရှိပါတယ်..သူရဲ့ အချိန်တွေကိုတခြားလူတွေအတွက်အကောင်းဆုံးအကြံအဥာဏ်တွေပေးပြီးနေထိုင်နေရင်း တစ်နေ့မှာတော့ အကြောင်းကြောင်းကြောင့် ဒီအလုပ်ကိုရပ်တန့်ဖို့ဖြစ်လာပါတယ်.... ဒါပေမယ့် သူသေဆုံးပြီးလို့ နောက် ၂၅ နှစ်ကြာရင် ဒီဆိုင်ကိုညသန်းခေါင်ကနေ မနက်အထိပြန်ဖွင့်မယ်လို့ ကြေညာပေးဖို့ သူအယုံကြည်ရဆုံးသူကိုမှာထားခဲ့ပါတယ်....
နောင် ၂၅ နှစ်၂၀၁၇ ခုနှစ် နှစ်သစ်ကူးတညမှာ လူငယ်လေးသုံးယောက် အမှတ်မထင် အဲ့ဆိုင်ထဲကိုဝင်မိရာကနေ.... ၁၉၉၃ ခုနှစ်က စာတွေရောက်လာပြီး ထူးဆန်းတဲ့ဆက်သွယ်မှုတွေနဲ့ ၂၀၁၇ ခုနှစ်နဲ့ ၁၉၉၃ ခုနှစ် ကြားအပြန်အလှန်စာဆက်သွယ်ဖို့ဖြစ်လာပါတယ်....


အကောင်းဆုံးအကြံအဥာဏ်တွေကြိုးစားပေးကြရင်း သူတို့အားလုံးရဲ့ ဆက်နွယ်မှုတွေသိရှိလာတဲ့အခါမှာ....
၂၀၁၇ ခုနှစ်က ပေးပို့တဲ့စာကိုလဲ ၁၉၉၃ ခုနှစ်မှာရှိနေတဲ့ မင်းသားကြီးဂျက်ကီချန်းဆီက ပြန်စာရောက်လာတဲ့အခါမှာ...
ဘာတွေဆက်ဖြစ်ကြမလဲ... ၁၉၉၃ ခုနှစ်က လူနေမှုပုံစံတွေ... အတွေးအခေါ်တွေ.... လူငယ်တွေရဲ့ ကြိုးစားချင်စိတ်တွေနဲ့....ဖျော်ဖြေမှုရသပေးစွမ်းနိုင်တဲ့ကားလေးတစ်ကားဖြစ်ပါတယ်...

Kowaiphyolin.blogspot.com

Comments

Popular posts from this blog

That Is Not What I Expected ( 2017 ) - မြန်မာစာတန်းထိုး

တရုတ်ဟာသဇာတ်လမ်းများကို သဘောကျ နှစ်ခြိုက်သူများအတွက် ဒီနေ့မှာတော့ That Is Not What I Expected ဆိုတဲ့ ဇာတ်ကားလေးနဲ့ မိတ်ဆက်ပေးပါရစေ ... 2017 ခုနှစ်မှာ ထွက်ရှိခဲ့တာဖြစ်ပြီးတော့ Lan Baise ရေးသားထားတဲ့ Finally I Get You ဆိုတဲ့ ဝတ္ထုကို ပြန်လည်ပြင်ဆင်ပြီး ဒါရိုက်တာ Derek Hui က ရိုက်ကူးထားခဲ့တာဖြစ်ပါတယ် ... အဓိက သရုပ်ဆောင်တွေအဖြစ် Japanese-Taiwanese Actor တစ်ယောက်ဖြစ်တဲ့ မင်းသားကြီး Takeshi Kaneshiro က ပါဝင်သရုပ်ဆောင်ထားပြီး Soul Mate , Never Said Goodbye အစရှိတဲ့ ရုပ်ရှင်များမှာ မြန်မာပရိသတ်တွေကြား လူသိများခဲ့တဲ့ တရုတ်မင်းသမီးချောလေး Zhou Dongyu တို့ က ပါဝင် အားဖြည့်ထားပါတယ် ... ဇာတ်လမ်းလေးကတော့ လူငယ်ပရိသတ်တွေအကြိုက် ပေါ့ပေါ့ပါးပါးလေးပါပဲ ... ဇာတ်လမ်းလေးအကြောင်း အကျဉ်းချုံးပြောရမယ်ဆိုရင် ... ၂၉ နှစ်အရွယ် ဂူရှင်းနမ် ဆိုတဲ့ ကောင်မလေးဟာ ဟိုတယ်တစ်ခုက အနောက်တိုင်းစားသောက်ဆိုင်တစ်ခုရဲ့ စားဖိုမှူးတစ်ယောက်ပါ ... ဒါ့အပြင် သူဟာ ထိုဟိုတယ်ရဲ့ မန်နေဂျာတစ်ဦးနဲ့ ချစ်သူရည်းစားလဲ ဖြစ်နေပါသေးတယ် ... ကောင်မလေးချောချောလေးတွေ နဲ့ ကြည်နူးနေတတ်တဲ့ မန်နေဂျာက ဂူရှင်းနမ်နဲ့ သူရဲ့ ပတ်သက်မှုကို အလုပ်အကြောင်းပြလှ...

A Prayer Before Dawn (2017) မြန်​မာစာတန်းထိုး

ဒီဇာတ်ကားကတော့ တစ်ကယ့်အဖြစ်မှန်ကို ပြန်ရိုက်ထားတဲ့ ဇာတ်ကားတစ်ကားပါ ထိုင်းနိုင်ငံရဲ့ထောင်တွေထဲမှာရိုက်ကူးထားတာဖြစ်ပါတယ်။ ထိုင်းထောင်ထဲက အကျဉ်းသားတွေရဲ့ဘ၀ ကို သနားစဖွယ်တွေ့မြင်ရမှာပါ။ ဘီလီမိုးဟာဆေးစွဲနေတဲ့ နိုင်ငံခြားသားတစ်ယောက်ပါ ရာမ လို့ခေါ်ကြတဲ့ စိတ်ကြွရူးသွပ်ဆေးပြားကိုအကြီးအကျယ်စွဲလန်းနေတဲ့ လက်ဝှေ့သမားတစ်ယောက်ပါ တစ်ရက် ရဲဝင်ဖမ်းရာကနေ ဘီလီမိုးတစ်ယောက် ထိုင်းအကျဉ်းထောင်ထဲကို ရောက်သွားပါတော့တယ်။ အဲ့က်နေစလို့ ထိုင်းစကားတောင်ရေလည်မတက်တဲ့ ဆေးသမား နိုင်ငံခြားသားတစ်ယောက် ထိုင်းထောင်ထဲမှာ ဒုက္ခ အကြီးကျယ်ရောက်ပါတော့တယ်။ ဆေးသုံးချင်စိတ်ကတစ်မျိုး ထိုင်းလူမိုက်တွေကတစ်မျိုးနဲ့ပေါ့။ တစ်ရက် ဘီလီတစ်ယောက် လက်ဝှေ့လေ့ကျင့်ရေးမှာ ၀င်လေ့ကျင့်ခွင့်ရသွားရာကနေ ထိုင်းရိုးရာမွေထိုင်း လက်ဝှေ့ကိုသင်ယူနိုင်ခဲ့ပါတယ်။ ထောင်ထဲက လက်ဝှေ့ပွဲမှာ အနိုင်ယူနိုင်ခဲ့ရာမှ အကြီးကဲတွေရဲ့သဘောကျတာကိုခံရပြီး နိုင်ငံအဆင့်ပွဲပါဝင်ပြိုင်ခွင့်ရခဲ့ပါတယ်။ ဒါပေမဲ့ ဆေးအလွန်အကျွံသုံးခဲ့တာကြောင့် အစာအိမ်ဒဏ်ရာဖြစ်လာတဲ့အခါ ဘယ်လိုတွေဆက်ဖြစ်မလဲဆိုတာကို စိတ်ဝင်စားဖွယ်ကြည့်၇မှာပါ။ ##တစ်ခုပြောရမှာက ဒီကားရဲ့English စာတန်းထိုးဖိ...

Bakuman Live-action (မြန်မာစာတန်းထိုးဇာတ်ကား)

 ကျွန်တော်တို့ နှစ်သက်တဲ့ ဂျပန်မန်ဂရုပ်ပြတွေ စာမျက်နှာပေါ်ရောက်လာပုံရဲ့ နောက်ကွယ်က ဖြစ်ရပ်မှန်တွေကို ရှုစားရမယ့် Manga ဆွဲတဲ့သူတွေအကြောင်း ရုပ်ရှင်ဇာတ်ကားလေးတစ်ကား ဖြစ်ပါတယ်။ Bakuman ဇာတ်ကားဟာ Ohba Tsugumi နဲ့ Obata Takeshi တို့ရေးဆွဲတဲ့ နာမည်ကျော် မန်ဂဇာတ်လမ်းတွဲကို ပြန်လည်ရိုက်ကူးထားတာဖြစ်ပြီး၊ သူတို့နှစ်ယောက်ဟာ မြန်မာပရိသတ်များအသည်းကျော် Death Note ဇာတ်လမ်းတွဲရဲ့ ဖန်တီးရှင်တွေလည်း ဖြစ်ပါတယ်။ ဒီဇာတ်လမ်းရဲ့ အဓိက Theme ကတော့ ဂျပန်နိုင်ငံ နံပါတ်တစ် မန်ဂမဂ္ဂဇင်း Weekly Shonen JUMP မှာ Manga ရေးဆွဲခွင့်ရဖို့ ကြိုးစားတဲ့ လူငယ်နှစ်ယောက်အကြောင်း အဓိကဇာတ်လမ်းဆင်ထားပါတယ်။အဓိကဇာတ်ကောင်နှစ်ယောက်ဖြစ်တဲ့ Mashiro Moritaka နဲ့ Takagi Akito တို့အဖြစ် Satoh Takeru နဲ့ Kamiki Ryunosuke တို့ပါဝင်ထားပါတယ်။ လက်ရှိဂျပန်မှာ လျှမ်းလျှမ်းတောက်လူငယ်သရုပ်ဆောင်တွေဖြစ်တဲ့ သူတို့နှစ်ယောက်ထဲမှာမှ Satoh Takeru ကိုတော့ ဒီကပရိသတ်များ Kenshin အဖြစ် အထူးလူသိများကြမှာ ဖြစ်ပါတယ်။ Kamiki Ryunosuke ကိုယ်တိုင်လည်း Ruroni Kenshin နောက်ဆက်တွဲဇာတ်ကားနှစ်ကားမှာ Kenshin ရဲ့ အဓိကဓားရေးပြိုင်ဘက်ရန်သူ Soujiro အဖြစ် ပါဝင်ထားပါသေ...