Skip to main content

The Swan Princess: A Royal Myztery ( 2018 )မြန်မာစာတန်းထိုး


ငယ်ငယ်တုန်းက ဘာဘီ မင်းသမီး ဇာတ်ကားလေးတွေဆို မလွတ်တမ်းကြည့်ခဲ့ရတာတွေကိုမှတ်မိနေသေးတယ် … Rapunzel ကိုကိုယ်အကြိုက်ဆုံးပဲ … စွန့်စားခန်းကလဲပါ အချစ်ဇာတ်သွားလေးကလဲပါနဲ့ …

အခုကားကတော့စွန့်စားခန်းပိုများတယ် … ပြီးတော့ တော်ဝင်မိသားစုအတွင်းပြသာနာလေးကို ရိုက်ပြထားတာ … မင်းသမီးဦးစားပေးတော့မဟုတ်ဘူး , မင်းသားဦးစားပေးလေးပါ …

ဇာတ်လမ်းအကျဉ်းလေးကတော့ –

ဘောရိုမီရို တိုင်းပြည်ထဲမှာ စာရေးတာကို အလွန်ဝါသနာပါတဲ့ ဘုရင်မတစ်ပါးရှိတယ် … နိုင်ငံရေးအကြောင်းကို လုံးဝစိတ်မ၀င်စားသူတယောက်ပေါ့ … စာအုပ်ရေးနေရရင်ကို ကျေနပ်နေသူပါ …

ထို ဘုရင်မမှာ သားတော်တစ်ပါးရှိတယ် … သူကလဲအိမ်ထောင်ရှိလို့ သားသမီးတစ်စုံနဲ့ ပေါ့ …

ဘုရင်မဆိုလို ဘုရင်မရှိဘူးထင်နေဦးမယ် … ဘုရင်လဲရှိတယ်နော် …

တနေ့ကျတော့ သူတို့ တိုင်းပြည်မှာ ဘယ်ကမှန်းမသိတဲ့ Z လိုလို N လိုလို စာလုံးတခုကိုနေရာစုံမှာစတွေ့တော့တာပဲ …

ပထမတော့ နည်းနည်းပဲတွေ့ရတာဆိုတော့ ပေါ့ပေါ့ပါးပါးကြွက်တွေ လက်ကမြင်းတယ်လိုပဲ မြင်တာပေါ့ … နောက်တော့ အဲ့စာလုံးက တော်တော်ဆိုးရွားလာပြီး ဘယ်သူက ဘာကြောင့်လုပ်တာလဲဆိုတာ စုံစမ်းရာကနေ ကြွက်တွေအုပ်လိုက်ကြီး လိုက်လုပ်နေတာမြင်ခဲ့တယ် …

အဲ့ကြွက်တွေက မင်းသားလေး ဒယ်ရတ် ကို တောင် အသက် အန္တရာယ်ပြုလာခဲ့တယ် … အဲလိုနဲ့ပဲ နောက်ကွယ်ကကြိုးကိုင်သူ ဘယ်သူလဲ ဆိုတာ ဖော်ထုတ်ဖို့ဖြစ်လာခဲ့တယ် … ဘယ်သူလဲဆိုတာတော့ ဇာတ်လမ်းလေးထဲ စီးမြောရင်း အဖြေရှာလိုက်ကြရအောင်နော် …

2018 March လထဲမှာ ထွက်ရှိခဲ့တာဖြစ်ပြီးတော့ IMDb မှာ 5.1/10 ရရှိထားတဲ့ Animation ဇာတ်ကားလေးတစ်ပုဒ်ပါ …

 Kowaiphyolin.blogspot.com


Movie download





✪ kwp marshmello (movie upload ) ✪
✪ credit to the original ✪

Comments

Popular posts from this blog

Bakuman Live-action (မြန်မာစာတန်းထိုးဇာတ်ကား)

 ကျွန်တော်တို့ နှစ်သက်တဲ့ ဂျပန်မန်ဂရုပ်ပြတွေ စာမျက်နှာပေါ်ရောက်လာပုံရဲ့ နောက်ကွယ်က ဖြစ်ရပ်မှန်တွေကို ရှုစားရမယ့် Manga ဆွဲတဲ့သူတွေအကြောင်း ရုပ်ရှင်ဇာတ်ကားလေးတစ်ကား ဖြစ်ပါတယ်။ Bakuman ဇာတ်ကားဟာ Ohba Tsugumi နဲ့ Obata Takeshi တို့ရေးဆွဲတဲ့ နာမည်ကျော် မန်ဂဇာတ်လမ်းတွဲကို ပြန်လည်ရိုက်ကူးထားတာဖြစ်ပြီး၊ သူတို့နှစ်ယောက်ဟာ မြန်မာပရိသတ်များအသည်းကျော် Death Note ဇာတ်လမ်းတွဲရဲ့ ဖန်တီးရှင်တွေလည်း ဖြစ်ပါတယ်။ ဒီဇာတ်လမ်းရဲ့ အဓိက Theme ကတော့ ဂျပန်နိုင်ငံ နံပါတ်တစ် မန်ဂမဂ္ဂဇင်း Weekly Shonen JUMP မှာ Manga ရေးဆွဲခွင့်ရဖို့ ကြိုးစားတဲ့ လူငယ်နှစ်ယောက်အကြောင်း အဓိကဇာတ်လမ်းဆင်ထားပါတယ်။အဓိကဇာတ်ကောင်နှစ်ယောက်ဖြစ်တဲ့ Mashiro Moritaka နဲ့ Takagi Akito တို့အဖြစ် Satoh Takeru နဲ့ Kamiki Ryunosuke တို့ပါဝင်ထားပါတယ်။ လက်ရှိဂျပန်မှာ လျှမ်းလျှမ်းတောက်လူငယ်သရုပ်ဆောင်တွေဖြစ်တဲ့ သူတို့နှစ်ယောက်ထဲမှာမှ Satoh Takeru ကိုတော့ ဒီကပရိသတ်များ Kenshin အဖြစ် အထူးလူသိများကြမှာ ဖြစ်ပါတယ်။ Kamiki Ryunosuke ကိုယ်တိုင်လည်း Ruroni Kenshin နောက်ဆက်တွဲဇာတ်ကားနှစ်ကားမှာ Kenshin ရဲ့ အဓိကဓားရေးပြိုင်ဘက်ရန်သူ Soujiro အဖြစ် ပါဝင်ထားပါသေ...

A Prayer Before Dawn (2017) မြန်​မာစာတန်းထိုး

ဒီဇာတ်ကားကတော့ တစ်ကယ့်အဖြစ်မှန်ကို ပြန်ရိုက်ထားတဲ့ ဇာတ်ကားတစ်ကားပါ ထိုင်းနိုင်ငံရဲ့ထောင်တွေထဲမှာရိုက်ကူးထားတာဖြစ်ပါတယ်။ ထိုင်းထောင်ထဲက အကျဉ်းသားတွေရဲ့ဘ၀ ကို သနားစဖွယ်တွေ့မြင်ရမှာပါ။ ဘီလီမိုးဟာဆေးစွဲနေတဲ့ နိုင်ငံခြားသားတစ်ယောက်ပါ ရာမ လို့ခေါ်ကြတဲ့ စိတ်ကြွရူးသွပ်ဆေးပြားကိုအကြီးအကျယ်စွဲလန်းနေတဲ့ လက်ဝှေ့သမားတစ်ယောက်ပါ တစ်ရက် ရဲဝင်ဖမ်းရာကနေ ဘီလီမိုးတစ်ယောက် ထိုင်းအကျဉ်းထောင်ထဲကို ရောက်သွားပါတော့တယ်။ အဲ့က်နေစလို့ ထိုင်းစကားတောင်ရေလည်မတက်တဲ့ ဆေးသမား နိုင်ငံခြားသားတစ်ယောက် ထိုင်းထောင်ထဲမှာ ဒုက္ခ အကြီးကျယ်ရောက်ပါတော့တယ်။ ဆေးသုံးချင်စိတ်ကတစ်မျိုး ထိုင်းလူမိုက်တွေကတစ်မျိုးနဲ့ပေါ့။ တစ်ရက် ဘီလီတစ်ယောက် လက်ဝှေ့လေ့ကျင့်ရေးမှာ ၀င်လေ့ကျင့်ခွင့်ရသွားရာကနေ ထိုင်းရိုးရာမွေထိုင်း လက်ဝှေ့ကိုသင်ယူနိုင်ခဲ့ပါတယ်။ ထောင်ထဲက လက်ဝှေ့ပွဲမှာ အနိုင်ယူနိုင်ခဲ့ရာမှ အကြီးကဲတွေရဲ့သဘောကျတာကိုခံရပြီး နိုင်ငံအဆင့်ပွဲပါဝင်ပြိုင်ခွင့်ရခဲ့ပါတယ်။ ဒါပေမဲ့ ဆေးအလွန်အကျွံသုံးခဲ့တာကြောင့် အစာအိမ်ဒဏ်ရာဖြစ်လာတဲ့အခါ ဘယ်လိုတွေဆက်ဖြစ်မလဲဆိုတာကို စိတ်ဝင်စားဖွယ်ကြည့်၇မှာပါ။ ##တစ်ခုပြောရမှာက ဒီကားရဲ့English စာတန်းထိုးဖိ...

Your Name (2016)မြန်မာ စာတန်းထိုး

 ဒီကာတွန်းကားလေးကတော့ဂျပန်နိင်ငံမှာဝင်ငွေစံချိန် ချိုးခဲ့တဲ့ဇတ်ကားကောင်းလေးတစ်ကားပါ ပရိတ်သတ် တွေရဲ့အားပေးမှုနဲ့အတူဝင်ငွေဒလဟောရခဲ့တဲ့ကားဆိုလည်းမမှားပါဘူးဇတ်ကားထဲမှာပါဝင်တဲ့သီချင်းလေး တွေကအစဂျပန်နိင်ငံမှာယခုလက်ရှိနာမည်ကြီးသီချင်း တွေအဖြစ်ရပ်တည်နေဆဲပါဒီဇတ်ကားကိုဘလူးရေးက တော့အတော်လေးစောင့်လိုက်ရပါတယ်ထွက်ထွက်ချင်းပဲcm ပရိတ်သတ်တွေကိုကြည့်စေချင်တဲ့စေတနာ ကြောင့်တင်ဆက်ပေးလိုက်ရပါတယ်နှစ်ပေါင်း၁၂၀၀မှာတစ်ကြိမ်သာကမ္ဘာမြေပေါ်ဖြတ်သန်းတဲ့ကြယ်တံခွန် လေးနဲ့အတူလူသားနစ်ဦးရဲ့ဘဝဘယ်လိုပြောင်းလဲသွားမယ်ဆိုတာကိုစိတ်ဝင်တစားကြည့်ရမှာပါထူးဆန်းမှုတွေအချစ်ဇတ်လမ်းတွေနဲ့ဇတ်ကားစလယ်ဆုံးပရိတ်သတ် တွေကိုဆွဲဆောင်သွားမှာပါအကောင်းဆုံးကွာလတီနဲ့မို့သိမ်းထားသင့်တဲ့ဇတ်ကားကောင်းလေးတစ်ကားပါလို့ပြောကြားရင်း ..... KoWaiPhyolin.blogspot.com Movie download ✪ kwp marshmello (movie upload ) ✪ ✪ credit to the original ✪